မှန်းချက်နှင့် နှမ်းထွက် မကိုက်ခဲ့သည့် တရုတ် အချစ်သမား

alt

တရုတ်နိုင်ငံမှ အမျိုးသား တဦးသည် ၎င်း၏ ချစ်သူဟောင်း အမျိုးသမီး ထံမှ မေတ္တာကို ဆွတ်လှမ်းနိုင်ရန် ထူးထူး ဆန်းဆန်း အားထုတ် ခဲ့သော်လည်း မှန်းချက်နှင့် နှမ်းထွက် မကိုက်ခဲ့ ကြောင်း သိရှိရသည်။

ထိုသူသည် ချံုကင်း မှနေ၍ ကီလိုမီတာ (၄၀၀) ကွာဝေးသော ဆီချွမ်ခရိုင်၊ ချန်ဒူး အထိ ခြေလျင် လျှောက်ကာ ချစ်သူဟောင်း ၏ နှလုံးသားကို ဆွဲဆောင် သိမ်းသွင်းရန် မျှော်လင့် ကြိုးစားခဲ့သော်လည်း အသည်းမာသော မိန်းကလေးက ငြင်းဆန် လိုက်သည်။

ထိုသူသည် ချစ်သူနှင့် (၄)နှစ်အကြာ လက်တွဲခဲ့ပြီး နောက် နှစ်ဦး သဘောတူ လမ်းခွဲ ခဲ့ကြသည်။ သို့သော်လည်း ၎င်းသည် သူမနှင့် ကင်းကွာပြီး မနေနိုင် လောက်အောင် ဖြစ်နေမှန်း သဘောပေါက် လာပြီးနောက် ယခုကဲ့သို့ အံ့ဘနန်း စီစဉ်ခဲ့ခြင်း ဖြစ်သည်။

ထိုသူသည် မိန်းကလေး ရှိရာ ချန်ဒူး တက္ကသိုလ် အထိ လမ်းလျှောက်ကာ လာရောက်ခဲ့ပြီး လူထု၏ စိတ်ဝင်စားမှုကိုလည်း  အတော် ရရှိခဲ့သည်။ ထိုသူသည် မိန်းကလေးထံ ရောက်အောင် (၁၅)ရက် လုံးလုံး ခြေလျင် လျှောက်လာသော်လည်း ချစ်သူဟောင်းက ဇာတ်လမ်း ပြန်မဆက်ရန် ဆုံးဖြတ်ပြီး ဖြစ်ကြောင်း ပြောကြား လိုက်သဖြင့် ရင်ကွဲ ပက်လက် ဖြစ်သွားရကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here