ချန်ပီယံဘွဲ့ကို အီတလီ ဆက်ထိန်းနိုင်မည်ဟု ဂိုးသမား ဘတ်ဖွန် ပြောကြား

alt

ကမာ္ဘ့ ချန်ပီယံဘွဲ့ကို အီတလီ ဘောလုံး အသင်းက ဆက်ထိန်း ထားနိုင်မည်ဟု မိမိတို့ ယုံကြည်ကြောင်း အီတလီ လက်ရွေးစင် နှင့် ဂျူဗင်းတပ် အသင်း ဘောလုံးသမား ဂီယန် လူဂီဘတ်ဖွန် က ပြောကြား လိုက်သည်။

လူအများက မိမိတို့ အသင်းသည် ချန်ပီယံဘွဲ့ကို ဆက်ထိန်းနိုင်ရန် အခွင့် အရေး အလွန်နည်းကြောင်း သုံးသပ် နေကြသော်လည်း အီတလီသည် (၂၀၁၀) ခုနှစ်၊ တောင် အာဖရိက နိုင်ငံတွင် ကျင်းပမည့် ပြိုင်ပွဲကြီး အတွင်း အောင်မြင်မှု ရရှိလိမ့်မည်ဟု အသက် (၃၂)နှစ်ရှိ ဘတ်ဖွန်က ပြောကြားခဲ့သည်။

အီတလီသည် လက်ရှိအချိန်တွင် နိုင်ငံတကာ ပြိုင်ပွဲများ အတွင်း ရလဒ် ကောင်းများ သိပ်မရသော်လည်း တောင့်တင်း နေဆဲဟု အသင်း၏ နံပါတ်(၁) ဂိုးသမားက ယုံကြည်နေသည်။

မိမိတို့ အသင်းသာ အမှန်တကယ် စုစည်း ညီညွတ်နေမည် ဆိုပါက ကမာ္ဘပေါ်ရှိ မည်သည့် အသင်းကိုမဆို ဖြိုခွင်းနိုင်သည့် အင်အားရှိကြောင်း ဘတ်ဖွန်က ကြွေးကြော်ခဲ့သည်။ အီတလီသည် ကမာ္ဘ့ဖလား ခြေစစ်ပွဲဝင်ရန် အာရုံစိုက် နေရဆဲဖြစ်ပြီး ဂျော်ဂျီယာ၊ ဘူဂေးရီးယား၊ အိုင်ယာလန်၊ ဆိုက်ပရပ် အသင်းများနှင့် တပွဲစီ ကစားရန် ကျန်ရှိနေသေးကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here