ဂျိမ်းစ်ဘွန်း မင်းသမီးဟောင်း ဒုတိယမြောက် ကိုယ်ဝန်ဆောင်

alt

ဂျိမ်းစ်ဘွန်း မင်းသမီးဟောင်း ဟယ်လီ ဘယ်ရီတွင် ဒုတိယမြောက် ကိုယ်ဝန် ရှိနေပြီဟု သူမမှ ဝမ်းသာအားရ မီဒီယာ သို့ ထုတ်ဖေါ် ပြောကြား လိုက်သည်ဟု သိရှိရသည်။

အသက် (၄၃)နှစ်ရှိ မင်းသမီးက သူမသည် ချစ်သူ ဂါဘရီရယ် အူဘရီနှင့် ဒုတိယ ကိုယ်ဝန်မှာ (၃)လ ရှိနေပြီဟု ပြောကြား လိုက်သည်။ ဟယ်လီနှင့် ဂါဘရီရယ် တို့တွင် (၁၇)လ အရွယ် သမီးလေး နာလာ လည်း ရှိနေ သေးသည်။

ဟယ်လီ နှင့် နီးစပ်သူများက ယခု ကိစ္စအတွက် ဟယ်လီမှာ အလွန် ပျော်ရွှင်နေပြီး သူမ အနေနှင့် နောက်ထပ် ကိုယ်ဝန် မရနိုင်ဟု ထင်မှတ် နေရာမှ နာလာ အတွက် အဖော်ရစေမည့် ကလေးတယောက် ထပ်မွေး ပေးနိုင်တော့မည်ကို သိရသည့် အတွက် ပြောမပြ တတ်အောင် ၀မ်းသာနေကြောင်း ပြောကြား သွားခဲ့ကြသည်။

ဟယ်လီသည် နာလာကို ကိုယ်ဝန်ရှိချိန် ကတည်းက သူမနှင့် ဂါဘရီရယ် တို့သည် ကလေး (၂)ဦးမျှ ရှိနေစေလိုကြောင်း ပြောကြားခဲ့ဖူးရာ ယခုအခါ အမှန်တကယ် အကောင်အထည် ပေါ်လာတော့မည် ဖြစ်သည်။

ဟယ်လီက သူမတို့ စုံတွဲသည် ကလေးနှစ်ယောက် ရှိစေလိုကြောင်း အမြဲ ပြောလေ့ရှိကြောင်း၊ ယခုအခါ သူမဆန္ဒ ပြည့်မြောက်တော့မည် ဖြစ်သည့်အတွက် ကျေနပ်မိကြောင်း ပြောဆို ထားသည်။ ဟယ်လီ၏ ကိုယ်ရေး အရာရှိကမူ မင်းသမီး၏ ကိုယ်ဝန် ကိစ္စအတွက် အသေးစိတ် အချက်အလက် များကို ထုတ်ဖော် ပြောဆိုရန် ငြင်းဆန် ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here