ကိုးကန့်ဒေသ တိုက်ပွဲ ဖြစ်ပွားနေစဉ် ခိုးဆိုး လုယက်သူများအား ဖမ်းဆီးပြီ

alt

မြန်မာ စစ်အစိုးရ စစ်တပ်နှင့် ကိုးကန့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ အပြင်းအထန် တိုက်ခိုက်နေစဉ် ခိုးဆိုး လုယက်မှုများ ကျူးလွန်ခဲ့သူ  (၂၆)ဦး အား တိုက်ပွဲများ ပြီးဆုံးချိန်တွင် ဖမ်းဆီး လိုက်ကြောင်း သိရှိရသည်။

ကိုးကန့် ဒေသ၏ မြို့တော်ဖြစ်သော လောက်ကိုင်တွင် စစ်ပူနေစဉ် တောကြောင် များသည် (၃)ရက် အကြာ ဖြစ်ပွားနေသော စစ်ပွဲများ အတွင်း အခွင့်ကောင်း ယူကာ လုယက် ဆိုးသွမ်းခဲ့ကြောင်း စစ်အစိုးရ အာဘော် မြန်မာ့အလင်း သတင်းစာက ဖော်ပြခဲ့သည်။

အဆိုပါ (၂၆)ဦးသည် ဩဂုတ်လ (၂၇)ရက်နေ့မှ စက်တင်ဘာလ (၁)ရက်နေ့ အတွင်း ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲ ခံထားရသည်။ ထိုသူများသည် ရုတ်ရုတ်သဲသဲ ဖြစ်နေစဉ် ဆန်အိတ်များ၊ ဆီပုံးများ၊ လျှပ်စစ်ပစ္စည်း များနှင့် အခြားသော ပစ္စည်းများကို လောက်ကိုင်ဈေး အတွင်းမှ ခိုးယူ လုယက်ခဲ့ကြောင်း သတင်းစာက ဖော်ပြထားသည်။

ထိုသူများ အပေါ်တွင် ထိုက်သင့်သလို အရေးယူ ဆောင်ရွက်သွားမည် ဟုလည်း မြန်မာ့အလင်းက ဆိုသည်။ ထို့အပြင် ချင်းရွှေဟော်မှ လူ(၂၅)ဦး ကိုလည်း တိုက်ပွဲ ဖြစ်ပွားနေစဉ် ဆိုင်ကယ်များ၊ ဆန်အိတ်များ၊ စက်ဘီးများ၊ ရုပ်မြင်သံကြား စက်များနှင့် အခြား ပစ္စည်းများကို ခိုးယူခဲ့မှု အတွက် ထောင်ဒဏ် (၂)နှစ်စီ ချမှတ်ခဲ့ကြောင်း မြန်မာ့အလင်းတွင် ယနေ့ ဖော်ပြပါရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here