အာဆင်နယ် တိုက်စစ်မှူး ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံရ

alt

အာဆင်နယ် ရှေ့တန်း တိုက်စစ်မှူး ဒါဆေးဗား အီဒွာဒို အား ဥရောပ ဘောလုံး အဖွဲ့ချုပ် ( UEFA ) က (၂)ပွဲပယ် ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သိရှိရသည်။

ဒါဆေးဗား သည် စကော့တလန် ကလပ် ဆဲတစ်နှင့် ကစားခဲ့သော ချန်ပီယံလိဂ် ခြေစစ်ပွဲတွင် အယောင်ဆောင် ဒိုင်ဗင် ထိုးခဲ့သဖြင့် UEFA က ယခုလို ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

အသက် (၂၆)နှစ်ရှိ ခရိုအေးရှား တိုက်စစ်မှူးသည် UEFA ၏ ဆုံးဖြတ်ချက်ကြောင့် ချန်ပီယံလိဂ် ပွဲစဉ်(၂)ခုတွင် ပါ၀င်ခွင့် ရရှိတော့မည် မဟုတ်ချေ။

အာဆင်နယ် နှင့် ဆဲတစ်တို့သည် အာဆင်နယ်၏ အိမ်ကွင်း အင်းမရိတ်တွင် ယှဉ်ပြိုင်ကစားစဉ် ဒါဆေးဗားက အယောင်ဆောင် လှဲချခဲ့ခြင်း ဖြစ်ပြီး ကွင်းလယ်ဒိုင်က မသိမြင် လိုက်ချေ။ သို့သော်လည်း ပွဲအပြီးတွင် စကော့တလန် ကလပ်မှ တောင်းဆိုမှုကြောင့် ဗီဒီယို မှတ်တမ်းများအား ပြန်လည် စစ်ဆေးခဲ့ရာ ဒါဆေးဗား၏ မရိုးမသား လုပ်ရပ် ပေါ်လွင် လာပြီးနောက် UEFA က ယခု ဆုံးဖြတ်ချက်ကို အတည်ပြု ချမှတ်လိုက်ခြင်း ဖြစ်သည်။

အာဆင်နယ် နည်းပြကြီး အာစင်ဝင်ဂါ ကမူ UEFA ၏ ပြစ်ဒဏ်အပေါ် ဒေါသတကြီး ပြစ်တင် ရှုတ်ချလိုက်ပြီး ဒါဆေးဗား အတွက် အယူခံ ၀င်ရန် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ကြိုးစားသွားမည်ဟု ကတိပြု ပြောကြားထား လိုက်ပြီ ဖြစ်သည်။

ထို့အပြင် UEFA သည် စကော့တလန် ကလပ်၏ အပြင်းအထန် တိုက်တွန်းမှုကို နားယောင်ကာ ခိုင်မာသော မူဝါဒ မရှိဘဲ ပြစ်ဒဏ် ချမှတ်ခဲ့သည် ဟုလည်း ၀င်းဂါးက ဝေဖန် သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here