Tetris ဂိမ်းကြောင့် လူငယ်များ ဦနှောက် စွမ်းရည် ဖွံ့ဖြိုးနိုင်

alt

Tetris ခေါ် အတုံးလေးများ ဆက်ရသည့် ဂိမ်းသည် လူငယ်များ၏ ဦးနှောက် စွမ်းရည် ဖွံ့ဖြိုးမှုကို အထောက် အကူ ပြုကြောင်း လေ့လာမှု အသစ် များက ဖော်ပြနေသည်။

စိတ်ပိုင်းဆိုင်ရာ သုတေသန ကွန်ရက် (MRN) မှ ပြုလုပ်သော စစ်တမ်းက Blue Planet Software ကုမ္မဏီ၏ ထုတ်ကုန် ဂိမ်းသည် ဦးနှောက်၏ စဉ်းစား ဆင်ခြင်မှု အရည်အသွေးအား တိုးတက်စေကြောင်း ထောက်ခံလျှက် ရှိသည်။

MRN မှ လေ့လာမှုများ အရ မြီးကောင်ပေါက် အရွယ် မိန်းကလေး များအား Tetris ကို (၃)လမျှ စွဲစွဲမြဲမြဲ ကစားစေပြီးနောက် ဦးနှောက်စွမ်းအားကို တိုင်းတာ ကြည့်ရာ သိသိသာသာ တိုးတက်မှု ရှိနေကြောင်း သိရှိရသည်။

သုတေသီများက Tetris သည် စိတ်ခွန်အားကို လေ့ကျင့်ခန်း ပြုလုပ် ပေးနေသည့် သဘောမျိုး ဖြစ်တတ်သောကြောင့် ဦးနှောက်အတွက် အကျိုး ဖြစ်ထွန်းခြင်းဟု ရှင်းပြခဲ့သည်။ ထို ကိစ္စအတွက် ယုံကြည် ရလောက်သော ခိုင်လုံသည့် အထောက်အထားများရှိပြီး ဦးနှောက်သည် Tetris ဂိမ်းကြောင့် လှုံ့ဆော်မှု ခံရလေလေ၊ အရည်အသွေး တိုးတက် ခိုင်မာလာလေလေ ဖြစ်ကြောင်း သိရှိရသည်။

ယခု တွေ့ရှိမှုနှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များကို BMC သုတေသန ဆေးပညာ ဂျာနယ်တွင် ထည့်သွင်း ဖော်ပြခဲ့ပြီး Tetris ကစားခြင်းဖြင့် ဦးနှောက်အရည်အသွေး တိုးတက် ကောင်းမွန်စေရန် ပုံမှန်လေ့ကျင့် ပေးသင့်ကြောင်း ထောက်ခံ တိုက်တွန်းထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here