မလေးရှား အမွှာမျှော်စင်အား ပြင်သစ် စတန့်သမား တက်ရောက်နိုင်ခဲ့

alt

တကယ့် Spiderman အဖြစ် တင်စားခံရသူ အလိန်းရောဘတ် သည် စက်တင်ဘာလ (၁) ရက်နေ့ နံနက် ပိုင်းက ကမာ္ဘပေါ်တွင် တတိယ အမြင့်ဆုံး အဆောက်အအုံဟု မှတ်တမ်း ၀င်နေသည့် Petronas မျှော်စင်

နှစ်ခုမှ ဒုတိယ မျှော်စင် ထိပ်ဖျားသို့ အောင်မြင်စွာ တက်ရောက် နိုင်ခဲ့သည်။

အသက် (၄၇)နှစ်ရှိ ပြင်သစ် စတန့် သမားသည် ယခင်ကလည်း ကမာ္ဘ့ အမြင့်ဆုံး စာရင်းဝင် အဆောက် အအုံ အတော်များများအား မည်သည့် လုံခြံုရေး ကိရိယာမျှ မပါဘဲ လက်ဗလာဖြင့် တက်ရောက်ခဲ့ဖူးသူ ဖြစ်သည်။

ယခုတဖန် ရောဘတ် တက်ရောက် ခဲ့သော Petronas မျှော်စင် အမှတ်(၂) သည် (၄၂၅) မီတာမြင့်ပြီး (၈၈)ထပ် ရှိသည်။ ရောဘတ် တယောက် မျှော်စင်ပေါ်သို့ အားကြိုးမာန်တက် တက်နေစဉ်တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ ရဲတပ်ဖွဲ့ ရဟတ်ယာဉ် နှစ်စင်းက ပတ်ချာလှည့် ပျံသန်းနေပြီး ရောဘတ် တယောက် ရည်မှန်းချက် ပန်းတိုင်သို့ အောင်မြင်စွာ ရောက်ရှိခဲ့ချိန်တွင် အသင့် စောင့်နေသော ရဲများက သူအား ဖမ်းဆီးထားလိုက် ကြသည်။

လက်ထိပ် ခတ်ခံထားရသော ရောဘတ်သည် ပျော်ရွှင်စွာပင် ရဲများနှင့် အတူ မျှော်စင်အောက်သို့ ပြန်ဆင်းလာပြီး ၎င်း၏ ရည်မှန်းချက် ပြည့်မြောက်ခဲ့ပြီ ဖြစ်ကြောင်း ကြွေးကြော် သွားသည်။ ၎င်းသည် ယခင်ကလည်း Petronas အပေါ် တက်ရောက်ရန် နှစ်ကြိမ် ကြိုးစားဖူးပြီး ရဲတပ်ဖွဲ့က ကြားဖြတ် ဖမ်းဆီးခဲ့သေးသည်။

ရောဘတ်သည် ကမာ္ဘ့ အမြင့်ဆုံး အဆောက်အအုံ (၇၀)ကျော်ကို ကိရိယာ အကူအညီ မပါဘဲ တက်ရောက်ခဲ့ဖူးကာ အမြဲလိုလို အဖမ်းခံရပြီး ဒဏ်ငွေ (သို့မဟုတ်) ရက်ပိုင်းမျှ ထောင်ဒဏ်တို့ကို ချမှတ် ခံရတတ်သည်။ ထို့အပြင် အမြင့်မှ ပြုတ်ကျသဖြင့် သေကောင်ပေါင်းလဲ ဒဏ်ရာများလည်း ရရှိခဲ့ဖူးကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here