နိုကီယာ Netbook များ Windows 7နှင့်အတူ ဈေးကွက်သို့ ရောက်မည်

alt

Nokia မှ ထုတ်လုပ်သော Netbook ကွန်ပျူတာများ ဖြစ်သည့် Booklet 3G များသည် Windows 7 နှင့်အတူ ဈေးကွက်အတွင်း ရောက်ရှိ လာမည် ဖြစ်သည်။

စက်တင်ဘာလ (၂)ရက် နေ့က ကမာ္ဘ့ အကြီးဆုံး မိုဘိုင်းလ်ဖုန်း ကုမ္မဏီကြီး၏ ကမာ္ဘလုံးဆိုင်ရာ အစည်းအဝေးကို ဂျာမနီနိုင်ငံ၊ စတုဂတ် မြို့တွင် ကျင်းပခဲ့ပြီး Booklet 3G ၏ ဈေးနှုန်းအား (၅၇၅)ယူရို သတ်မှတ်ခဲ့သည်။

Nokia က ဈေးကွက်အတွင်း နေရာတခု ခိုင်မာလာချိန်တွင် ၎င်းတို့၏ Netbook ဈေးနှုန်းမှာ ယခုထက် လျော့နည်းလာမည်ဟု ခန့်မှန်း ထားကြသည်။ ဩဂုတ်လ (၂၄)ရက် နေ့က Nokia က Booklet 3G ကို ထုတ်လုပ်တော့မည် ဖြစ်ကြောင်း ပထမဆုံး ကြေညာခဲ့ပြီး Netbook နှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက် များကို ထုတ်ပြန်ခဲ့သည်။

ထို Netbook တွင် Processor အဖြစ် Atom Z530 1.6GHz ကို သုံးစွဲထားပြီး အလေးချိန်မှာ (၁.၂၅) ကီလိုမီတာ ရှိပြီး (၂) စင်တီမီတာ အထူ ရှိကြောင်း သိရှိရသည်။

အင်တာနက် အသုံးပြုနိုင်ရန် ရည်ရွယ်ထားသည့် Netbook တွင် 1GB RAM အထိ Memory ထည့်သွင်း ပေးထားပြီး Hard Disk မှာ 120 GB ဖြစ်သည်။ ဘက်ထရီ သက်တမ်းမှာမူ (၁၂)နာရီ အထိ အသုံးခံမည်ဟု Nokia က ဆိုသည်။

Nokia က ထို Netbook များကို အောက်တိုဘာ လခန့်တွင် စတင် ရောင်းချရန် စီစဉ် ထားသော်လည်း မည်သည့် နိုင်ငံတွင် ပထမဆုံး ရောင်းချသွားမည်ကို အတည်ပြု ကြေညာခြင်း မရှိသေးကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here