နှင်းလူ တကောင်အား မှတ်တမ်း တင်နိုင်ခဲ့ဟု ဆို

alt

ဆယ်ကျော်သက် ကျောင်းသူလေး တဦးသည် နှင်းလူဟု ယူဆရသော သတ္တဝါ တကောင်အား ဓာတ်ပုံ ရိုက်ထား လိုက်နိုင်ကြောင်း သိရှိရသည်။

Campaign ထွက်ရသော ခရီးစဉ် တခုတွင် စမ်းချောင်းအနီး ရောက်ရှိလာသော လူနှင့် သဏ္ဍာန်တူသည့် အဆိုပါ သက်ရှိ၏ ပုံရိပ်အား (၁၉)နှစ် အရွယ် ဂျက်စတင်ညာ ဖော်ဂါက ရိုက်ကူး လိုက်နိုင်ခြင်း ဖြစ်သည်။

သူမသည် ပိုလန်ရှိ တာထရာ တောင်အနီးတွင် ချစ်သူ တက်ဒီယက် ဆီရန်ဖီနော်စကီး နှင့် ရောက်ရှိနေစဉ် အဆိုပါ သတ္တဝါအား မှတ်တမ်း တင်နိုင်ခဲ့ခြင်း ဖြစ်သည်။

နှင်းလူဟု ယူဆရသော ထိုအကောင်ကြီးသည် သူမ နောက်သို့ လိုက်နေသည် ဟု ခံစားခဲ့ရကြောင်း ဖော်ဂါက ပြောဆိုသွားပြီး တက်ဒီယက်၏ ကင်မရာဖြင့် ရိုက်ကူးခဲ့ခြင်း ဖြစ်ကြောင်း ပိုလန် နိုင်ငံထုတ် Super Express နေ့စဉ် သတင်းစာသို့ ပြောကြားသွားခြင်း ဖြစ်သည်။

သူမသည် ပထမဦးစွာ ထိုအကောင်ကြီးကို ၀က်ဝံဟု ထင်မှတ်မိခဲ့ကြောင်း ထိုသတ္တဝါကြီးသည် လေးဘက် မသွားဘဲ လူကဲ့သို့ ခြေနှစ်ချောင်း ထောက်ကာ ထွက်ပြေးသွား သဖြင့် မယုံနိုင်အောင် ဖြစ်သွားမိကြောင်း ပြောဆိုခဲ့သည်။ ယခုအခါ ပဟေဠိ ဆန်လှသော ယင်းသက်ရှိ နောက်သို့ လိုက်လံ စုံစမ်းရန် ခြေလျင်နှင့် တောင်တက် အဖွဲ့တခုက စီစဉ်နေပြီ ဖြစ်သည်။

အမျိုးသား ဥယျာဉ် ထိန်းသိမ်းရေး အကြီးအကဲ အက်ဒွပ်ဝလာဇလို ကမူ ထိုသတ္တဝါအား ရှာဖွေ တွေ့ရှိမည်ဟု ယုံကြည်ထားကြောင်း ထုတ်ဖော် ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here