မိုက်ကယ်ဂျက်ဆင် မသေသေးဆိုသည့် ဗီဒီယို မှတ်တမ်းမှာ အတုသာဖြစ်

alt

အင်တာနက်တွင် ရေပန်းစားနေသည့် မိုက်ကယ်ဂျက်ဆင် သက်ရှိထင်ရှား ရှိနေသေးသည် ဆိုသော မှတ်တမ်း ဗီဒီယိုသည် အတုအယောင် တခုသာဖြစ်ကြောင်း သိရှိရသည်။

YouTube မှတဆင့် စတင် ပျံ့နှံ့လာသည့် ကွယ်လွန်သူ ဂျက်ဆင်သည် ဗင်ကား တစင်းနောက်မှ ထွက်လာသည့် ပုံမှာ လိမ်ညာ ထားခြင်းသာ ဖြစ်သည်။

ထို ဗီဒီယိုအတွင်း မြေအောက် ကားပါကင် တခုမှ ဂျက်ဆင်သည် အပြင်ဘက်သို့ ထွက်သွားသည်ကို ရိုက်ကူး ပြသခဲ့သည်။ ထို ဗီဒီယိုသည် အလွန် နာမည်ကြီး လာသော်လည်း ဂျာမန် ရုပ်မြင်သံကြားဌာန RTL က အတုအယောင် မျှသာ ဖြစ်ကြောင်း ဖော်ထုတ် ၀န်ခံသွားခဲ့သည်။

RTL က ၎င်းတို့သည် နည်းပညာ ခေတ်တွင် သတင်းမှား များနှင့် လုပ်ကြံ ဇာတ်လမ်းများသည် မည်မျှ လျှင်မြန်စွာ ကူးစက်ပျံ့နှံ့ သွားသည်ကို လက်တွေ့ သိရှိလိုသဖြင့် စမ်းသပ်ပြီး ထိုဗီဒီယိုကို ဖန်တီးခဲ့ကြောင်း ၀န်ခံ သွားသည်။

ထိုဗီဒီယို ထွက်လာပြီးနောက် ဂျက်ဆင်မှာ အမှန်တကယ် မသေဘဲ လူအများနှင့် ဝေးရာကို တမင်တကာ ရှောင်ဖယ် ထွက်ခွာသွားခြင်းဟု ကောလဟာလများ ထွက်ပေါ် လာခဲ့သေးသော်လည်း RTL က ဗီဒီယိုသည် အတုသာ ဖြစ်ကြောင်း အတည်ပြု ပြောဆိုသွားခဲ့ပြီ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here