ထို မိန်းမလှ မီဂန်းဖော့စ် Catwoman အဖြစ် သရုပ်ဆောင်ဖွယ်ရှိ

alt

Batman ဇာတ်ကား များတွင် ပါ၀င်သည့် ဆွဲဆောင်မှု ပြင်းထန်သော အမျိုးသမီး ဗီလိန် ဇာတ်ကောင် Catwoman အဖြစ် မီဂန်းဖော့စ် ပါ၀င် လာဖွယ်ရှိသည်ဟု သတင်းများက ဆိုသည်။

အသက် (၂၃)နှစ်ရှိ ဟောလီးဝုဒ် မင်းသမီးသည် Transformers ဇာတ်ကားများနှင့် အတူ ကျော်ကြား လာပြီးနောက် အခြားသော စိတ်ကူးယဉ် သိပ္ပံဇာတ်ကား တခုဖြစ်သော Batman တွင် ပါ၀င်ဖွယ် ရှိကြောင်း နာမည်ကြီး နေခဲ့သည်။

ဖော့စ်သည် ဟောလီးဝုဒ်၏ ညှို့အား အပြင်းဆုံး အလှမယ် တဦးဖြစ်ပြီး The Dark Knight ကြောင့် နာမည်ကျော်ခဲ့သည့် ဒါရိုက်တာ ခရစ်စတိုဖာ နိုလန် အတွက် တတိယမြောက် Batman ဇာတ်ကားတွင် ဆွဲဆောင်မှု ကောင်းသော ဇာတ်ရုပ်အဖြစ် အသုံးချမှုကို ခံရနိုင်ဖွယ် ရှိနေသည်။

ဖော့စ် ကိုယ်တိုင်ကမူ ထိုကိစ္စအတွက် တစုံတရာ ပြောဆိုခြင်း မရှိသေးပေ။ Batman ၏ တတိယ ဇာတ်ကားကို (၂၀၁၀) ပြည့်နှစ်တွင် စတင် ရိုက်ကူးရန် ရည်မှန်းထားပြီး Catwoman နေရာအတွက် ဖော့စ်အပြင် အိန်ဂျလီနာ ဂျိုလီ သည်လည်း ရေပန်းစားလျှက် ရှိကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here