မြန်မာ စစ်အစိုးရအား တိုက်ခိုက်မှုများ ရပ်တန့်ရန် အမေရိကန် ပြောကြား

alt

မြန်မာ စစ်အစိုးရ အနေနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း များအား တိုက်ခိုက် နေမှုအား ရပ်တန်းက ရပ်ရန် အမေရိကန် အစိုးရ က ဩဂုတ်လ (၃၁)ရက် နေ့က တိုက်တွန်း ပြောကြား လိုက်သည်။

အမေရိကန်က မြန်မာ စစ်တပ်များနှင့် တိုင်းရင်းသား လက်နက်ကိုင် များကြား ပြင်းထန်သော စစ်ပွဲများ ပေါ်ပေါက် လာပြီးနောက် ကိုးကန့် ဒေသမှ တိုင်းရင်းသား များသည် တရုတ် နိုင်ငံအတွင်း ထွက်ပြေး တိမ်းရှောင် နေရမှုအား ထောက်ပြခဲ့ပြီး စစ်ပြေး ဒုက္ခသည်များ အတွက် တိုက်ခိုက်မှုကို ရပ်စဲရန် တောင်းဆိုခဲ့သည်။

နှစ်ဖက် ဖြစ်ပွားသော ပစ်ခတ်မှုများကြောင့် တိုင်းရင်းသား ဒုက္ခသည် ထောင်နှင့်ချီပြီး တရုတ်နိုင်ငံ အတွင်းသို့ ပြောင်းရွှေ့ထွက်ပြေး ခဲ့ရသည်။ ၀ါရှင်တန် အစိုးရသည် လက်ရှိ ကိုးကန့်ဒေသ အခြေအနေကို စောင့်ကြည့် နေပြီးနောက် မြန်မာ စစ်အစိုးရအား အပစ်ခတ် ရပ်စဲရန်နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအား ငြိမ်းချမ်းစွာ ညှိနှိုင်း ဆွေးနွေးသွားရန် ဖိအား ပေးသွားမည်ဟု ကြေညာခဲ့သည်။

ယခု စစ်ပွဲများကြောင့် အပြစ်မဲ့ပြည်သူ မြောက်မြားစွာတို့သည် ထိုင်း နှင့် တရုတ် နိုင်ငံများသို့ ထွက်ပြေး နေရသလို ဒေသတွင်း မငြိမ်းချမ်းမှု ကိုလည်း ဖြစ်ပေါ်စေကြောင်း၊ မြန်မာ စစ်အစိုးရ၏ လုပ်ရပ်သည် ပြည်တွင်း စည်းလုံးမှုကိုလည်း ထိပါးစေကြောင်း အမေရိကန်က ထောက်ပြ ပြောဆိုလိုက်သည်။

စစ်ပွဲများကြောင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန် ဒေသသို့ မြန်မာ စစ်ပြေးဒုက္ခသည် (၃၇၀၀၀)ကျော် ရောက်ရှိ လာကြောင်း U.N.H.C.R မှ ပေးပို့သော သတင်း အချက်အလက်များ အရ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here