ရီဟားနား နှင့် သတင်းများအား Rap အဆိုတော် ဒရိတ် ငြင်းဆို

alt

ရီဟားနား နှင့် ချစ်သူများ ဖြစ်နေပါပြီ ဆိုသော ခန့်မှန်း ဖော်ပြမှုများအား Rap အဆိုတော် ဒရိတ်က ငြင်းဆန် လိုက်သည်။

ခရစ်ဘရောင်း နှင့် လမ်းခွဲခဲ့သော R&B အဆိုတော်မလေး နှင့် မိမိတို့သည် သူငယ်ချင်း များသာ ဖြစ်ပါကြောင်း ဒရိတ် ကဆိုသည်။

ရီဟားနား နှင့် ဒရိတ် တို့အား ပြီးခဲ့သည့် လက နယူးယောက်တွင် တပူးတွဲတွဲ တွေ့မြင် ရပြီးနောက် မီဒီယာ များက ၎င်းတို့နှစ်ဦး ဇာတ်လမ်း စနေပြီဟု ခန့်မှန်း ဖော်ပြ ခဲ့ကြသော်လည်း ဒရိတ်က ပြတ်ပြတ်သားသား ငြင်းဆန် ခဲ့သည်။

အသက် (၂၂)နှစ်ရှိ Rap အဆိုတော်က နယူးယောက်ပို့စ် သတင်းစာ နှင့် အင်တာဗျူးတွင် ၎င်းသည် ရီဟားနား နှင့် အချိန်ကုန် နေခြင်းမှာ ၎င်း၏ အယ်လ်ဘမ် အသစ်အတွက် စုံတွဲ သီဆိုရန် စီစဉ် နေသောကြောင့်သာ ဖြစ်ကြောင်း ဖြေရှင်း သွားခဲ့သည်။

ရီဟားနားသည် အလွန်ကောင်းမွန်သော သူငယ်ချင်း တဦးဖြစ်ကြောင်း၊ သူမနှင့် အတူတူ အလုပ် လုပ်ရသည့်အတွက် ကျေနပ် ပျော်ရွှင်ကြောင်း၊ ရီဟားနား နှင့် မိမိတို့သည် သီချင်းများကို စီစစ် ရွေးချယ်ခြင်း၊ ညှိနှိုင်းခြင်းမှ လွဲပြီး အခြားသော မရိုးမသား ဆက်ဆံရေးမျိုး မရှိပါကြောင်း ဒရိတ်က ဖွင့်ဟ ပြောကြားလိုက်သည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး ဘာဘေးဒိုးဖွား အဆိုတော်မလေး ရီဟားနားက တစုံတရာ ပြောကြားခြင်း မရှိသေးပေ။ ပြီးခဲ့သော လက People မဂ္ဂဇင်းက ဒရိတ်နှင့် ရီဟားနားတို့သည် ခိုးကြောင်ခိုးဝှက် အနမ်းမိုး ရွာနေကြသည်ဟု ဖော်ပြခဲ့ရာမှ ယခုသတင်း စတင် ပျံ့နှံ့လာခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here