မန်စီးတီး သို့ နောက်ဆုံး အချိန်တွင် ကူးပြောင်းလာသော စပါး ကွင်းလယ်လူ ဘန်တလေ

alt

စက်တင်ဘာလ (၁)ရက်နေ့ ကုန်ဆုံး ချိန်တွင် ပိတ်သိမ်း တော့မည့် အပြောင်း အရွှေ့ ဈေးကွက် နောက်ဆုံး နာရီ များတွင် မန်ချက်စတာ စီးတီး အသင်း သည် တော့တင်ဟမ် ဟော့စပါးမှ

အင်္ဂလန် အလယ်တန်းလူ ဒေးဗစ် ဘန်တလေအား ခေါ်ယူရန် ကြိုးပမ်း နေကြောင်း သိရှိရသည်။

ဘန်တလေသည် တော့တင်ဟမ်တွင် နေရာမရ ဖြစ်နေသော်လည်း စီးတီး နည်းပြ မတ်ဟုချ်က သဘောကျလျှက် ရှိနေပေသည်။

စီးတီးသည် ဘန်တလေအား အငှားဖြင့် ဖြစ်စေ အရခေါ်ယူရေး စီမံကိန်းအား အပြောင်းအရွှေ့ နောက်ဆုံး ပိတ်သိမ်း သည့် အချိန် မတိုင်မီ အကောင် အထည် ဖော်သွား နိုင်မည်ဟု မျှော်လင့် နေသည်။

ထို့အပြင် စီးတီး အသင်းသည် ပို့မောက်စ် မှ ခရိုအေးရှား အလယ်တန်း ကစားသမား နီကို ကာရန်ကာအား ခေါ်ယူ နိုင်ရန်လည်း တော့တင်ဟမ် နှင့်အပြိုင် ကြိုးပမ်း နေဆဲဖြစ်သည်။

ကာရန်ကာ အတွက် စီးတီးသည် အသင်းမှ ဘူဂေးရီးယား လက်ရွေးစင် မာတင် ပီထရော့ အပါအဝင် ပေါင်(၂)သန်း အလိုက် ထပ်ပေးပြီး အဆိုပြု ကမ်းလှမ်း ထားခဲ့ပြီ ဖြစ်သည်။

ပို့မောက်စ် အသင်းသည် ယခု ရာသီတွင် ဘဏ္ဍာရေး အခြေအနေကြောင့် အသင်းမှ ကစားသမား ကောင်းများကို ရောင်းချ ရဖွယ်ရှိနေပြီး ကာရန်ကာ အပြင် ဂိုးသမား ဒေးဗစ်ဂျိမ်း ကိုလည်း တော့တင်ဟမ်သို့ အပြောင်းအရွှေ့ မပိတ်သိမ်းမီ ရောင်းချဖွယ် ရှိကြောင်း သတင်းများ ထွက်ပေါ်လျှက် ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here