အင်တာနက် Chrome Browser အတွက် ဆိုနီကုမ္မဏီ နှင့် ဂူးဂဲလ် သဘောတူညီမှုရ

alt

Sony ကုမ္မဏီမှ ထုတ်လုပ်သော ကွန်ပျူတာများ အတွင်း Chrome Browser အား ထည့်သွင်း ထားခွင့် အတွက် Google က သဘောတူညီမှု ရရှိသွားပြီ ဖြစ်သည်။

ထို့ကြောင့်လည်း ဂျပန် အခြေစိုက် ကုမ္မဏီကြီး၏ မြောက် အမေရိက ဒေသသို့ ရောင်းချသည့် ကွန်ပျူတာများ အတွင်း Chrome သည် Built-in အဖြစ် ပါ၀င် လာတော့မည်ဟု သိရှိ ရသည်။

Sony သည် ကွန်ပျူတာများ အတွင်း Chrome အား ထည့်သွင်းပေးမည့် လုပ်ငန်းကို မေလ အတွင်း စတင်မည် ဖြစ်ပြီး ယခု ကိစ္စသည် ကမာ္ဘ့ Browser လောကတွင် နေရာတခု ရရေး ကြိုးပမ်းနေသည့် Chrome အတွက် အရေးပါသော အောင်မြင်မှုလည်း ဖြစ်သည်။

လွန်ခဲ့သော တနှစ်ခန့်က စတင် လည်ပတ်ခဲ့သည့် Chrome သည် Browser လောကတွင် Internet Explorer နှင့် Firefox တို့အား ကျော်လွှားနိုင်ခြင်း မရှိသေးဘဲ ဈေးကွက်ဝေစု အများစုကို Microsoft ၏ Internet Explorer ကသာ ချုပ်ကိုင်ထားပြီး (၆၇.၇) ရာခိုင်နှုန်း အထိ ပိုင်ဆိုင်ထားသည်။ Mozilla ၏ Firefox ကမူ Browser အသုံးပြုမှု စုစုပေါင်း၏ (၂၂.၅) ရာခိုင်နှုန်းအား ထိန်းချုပ် ထားနိုင်ပြီး Apple ၏ Safari က (၄.၁) ရာခိုင်နှုန်း၊ Google ၏ Chrome က (၂.၅၉) ရာခိုင်နှုန်း အသီးသီး ရရှိထားသည်။

Google သည် Chrome ၏ ပုံရိပ်ကို ယခုထက် ပိုမို မြှင့်တင်နိုင်ရန် အတွက် ကွန်ပျူတာ ထုတ်လုပ် ရောင်းချသော ကုမ္မဏီ အတော်များများတွင် Built-in ထည့်သွင်းနိုင်ရေး ဆက်လက် ညှိနှိုင်းနေဆဲ ဖြစ်ပြီး Apple ၏ Mac ကွန်ပျူတာများ တွင်ပါ အသုံးပြုနိုင်မည့် Version တမျိုးကိုလည်း ထုတ်လုပ်ရန် ကြိုးပမ်းနေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here