တိုင်ဝမ်တွင် ဘုန်းတော်ကြီး ဒလိုင်းလားမား ဘာသာရေး ဆုတောင်းပွဲပြုလုပ်

alt

ဘုန်းတော်ကြီး ဒလိုင်းလားမား သည် တိုင်ဝမ် တောင်ပိုင်းတွင် စက်တင်ဘာ (၁)ရက် နေ့က မုန်တိုင်း ဒဏ်ခံ ပြည်သူများ အတွက် ဘာသာရေး အရ ဆုတောင်းပွဲ တခုကို ဦးစီးကျင်းပ ပေးခဲ့ကြောင်း သိရှိရသည်။

ကျွန်းနိုင်ငံလေး တိုင်ဝမ်၏ ရာစုနှစ် တဝက်မျှ သမိုင်းကြောင်း အတွင်း လူသေမှု အမြင့်မားဆုံး ပေါ်ပေါက် စေခဲ့သည့် တိုင်ဖွန်း မုန်တိုင်းကြီး မိုရာကော့ အား အလူးအလဲ တွေ့ကြံုခဲ့ရသည့် ပြည်သူများ အတွက် အားကစားရုံ တခုအတွင်း ပြုလုပ်သည့် ယခု ဆုတောင်းပွဲမှာ တိဘက် ဘုန်းတော်ကြီး၏ (၅)ရက်ကြာ ခရီးစဉ်အတွင်း ဒုတိယမြောက် အဖြစ် ကျင်းပခြင်း ဖြစ်သည်။

ကိုဟီဆွန် အားကစား ခန်းမကြီးအတွင်း ပြုလုပ်သော ဆုတောင်းပွဲ အတွင်း ဘုန်းတော်ကြီးက ပြည်သူများအတွက် ၎င်းတတ်နိုင်သမျှ ဆောင်ရွက်ခွင့် ရရှိခဲ့ခြင်းအပေါ် ကျေနပ်မိကြောင်း ပြောကြား သွားခဲ့သည်။

ဒလိုင်းလားမား ကိုယ်တော်ကြီးသည် တရုတ် အစိုးရက ဘာသာရေး ခုတုံးလုပ်ပြီး နို်င်ငံရေး အမြတ်ထုတ် နေသူဟု စွပ်စွဲမှုကို ခံနေရပြီး တိုင်ဝမ်သို့ ရောက်ရှိလာခြင်း အတွက် ဘီဂျင်းအစိုးရက အကြီးအကျယ် မကျေမနပ် ဖြစ်နေသည်။ မိုရာကော့သည် တောင်ပြိုမှု များကြောင့် ရွာလုံးကျွတ် ရွှံ့နွံများအောက်သို့ နစ်မြုပ် သွားမှုများနှင့် ကြံုတွေ့စေခဲ့ရပြီး လူပေါင်း (၅၄၃)ဦးထက် မနည်းကို သေဆုံးစေခဲ့ကြောင်း တိုင်ဝမ် အစိုးရက ကြေညာ ထားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here