ယူအေအီး အစိုးရက မြောက်ကိုရီးယား သင်္ဘောအား ဖမ်းဆီး ထိန်းသိမ်းထား

alt

မြောက် ကိုရီးယားပိုင် သင်္ဘော တစင်းအား ကုလသမဂ္ဂ UN ၏ ညွှန်ကြားမှုဖြင့် UAE အစိုးရက ဖမ်းဆီး ထားလိုက်ကြောင်း သိရှိရသည်။

ဩဂုတ်လ (၂၉)ရက် နေ့က UN ၏ တားမြစ်ထားသော လက်နက်များကို သယ်ဆောင်ကာ အီရန်သို့ ဦးတည် ခုတ်မောင်း လာသည့် ကုန်တင် သင်္ဘောအား UAE ရေတပ်က ဟန့်တား ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

UN က ယခု လုပ်ရပ်သည် UAE အစိုးရ၏ သဘောထား မဟုတ်ဘဲ UN လုံခြံုရေး ကောင်စီက တားမြစ် ပိတ်ပင်မှုကို ဖောက်ဖျက်သည့် အတွက် တားဆီးရန် တောင်းဆိုမှုကို အကောင်အထည် ဖော်ခဲ့ခြင်းသာ ဖြစ်ကြောင်း ကြေညာခဲ့သည်။

မြောက်ကိုရီးယားသည် ဒုံးကျည်များ စမ်းသပ် ပစ်လွှတ်ခြင်း၊ အနုမြူဗုံး စမ်းသပ် ဖောက်ခွဲခြင်း တို့ကြောင့် နိုင်ငံတကာ၏ ဖိအားဒဏ်ကို ခံနေရစဉ် ယခုကဲ့သို့ ပြဿနာမျိုး ပေါ်လာခြင်း ဖြစ်သည်။ တောင်ကိုရီးယား ဘက်ကမူ ယခု ကိစ္စအတွက် တစုံတရာ မှတ်ချက် မပေးလိုကြောင်း ငြင်းဆန် ထားလိုက်သည်။

UN ၏ လုံခြံုရေး ကောင်စီသည် မြောက်ကိုရီးယား သင်္ဘောအား ဖမ်းဆီးထားမှုကို သီးသန့် စစ်ဆေးမည်ဟု ကတိပြု ထားသည်။ မြောက်ကိုရီးယား အစိုးရ ကမူ ယခု ကိစ္စအတွက် နှုတ်ဆိတ် နေဆဲဖြစ်သော်လည်း UN ကမူ UAE အပေါ် အညှိုး ထားလာမည်ကို စိုးရိမ်လျှက် ရှိသည်။

မြောက်ကိုရီးယား ရော၊ အီရန်ပါ UN ၏ ပိတ်ဆို့မှုများကို ခံထားရပြီး ထိုအချက် ကပင် နှစ်နိုင်ငံ ရင်းနှီးမှုကို တိုးတက် လာစေကြောင်း ယခုသင်္ဘော အီရန်သို့ ဦးတည် ခုတ်မောင်းလာမှုက သက်သေထူလျှက် ရှိကြောင်း အာရပ်ကမာ္ဘ သတင်းများက သုံးသပ် ဖော်ပြခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here