တိုက်စစ်မှူး ရှက်ချင်ကို မိခင် အသင်းဟောင်းသို့ ပြန်လည်ရောက်ရှိ

alt

ချဲလ်ဆီး အသင်းမှ ယူကရိန်း လက်ရွေးစင်ဟောင်း တိုက်စစ်မှူး အင်ဒရီ ရှက်ချင်ကို မှာ ၎င်း၏ ကစားသမား ဘဝ စတင်ရာ ယူကရိန်း ကလပ် ဒိုင်နမို ကီးရက်သို့ ပြန်လည် ပြောင်းရွှေ့သွားပြီ ဖြစ်သည်။

ချဲလ်ဆီးနှင့် ရှက်ချင်ကို တို့ ချုပ်ဆို ထားသော စာချုပ်မှာ (၁၁)လ အထိ သက်တမ်း ကျန်သေး သော်လည်း အပြန်အလှန် ညှိနှိုင်း ဖျက်သိမ်းကာ ယူကရိန်း သို့ ပြန်လည် ရောက်ရှိသွားခြင်း ဖြစ်သည်။

ရှက်ချင်ကို သည် (၂၀၀၆) ခုနှစ်က အီတလီထိပ်သီး အေစီမီလန် မှတဆင့် ချဲလ်ဆီးသို့ ကလပ်စံချိန်တင် ပေါင်သန်း(၃၀)ဖြင့် ပြောင်းရွှေ့ လာသော်လည်း အပြည့်အဝ အောင်မြင်မှု မရခဲ့ဘဲ အရံခုံတွင်သာ အထိုင် များခဲ့သည်။

ထို့အပြင် ချဲလ်ဆီးမှ အေစီသို့ တရာသီ အငှား ပြန်ကစားရာ တွင်လည်း ခြေစွမ်း မပြနိုင်တော့ပေ။ လက်ရှိ ချဲလ်ဆီးနည်းပြ ကာလို့(စ်) အန်ဆယ်လော့တီက အသင်း၏ ချန်ပီယံလိဂ် အတွက် လူစာရင်းတွင် ရှက်ချင်ကို အား ဖယ်ထား လိုက်ပြီးနောက် အသက် (၃၃)နှစ်အရွယ် ရှေ့တန်းလူသည် ဥရောပဝင်ခွင့် ရရှိထားရာ အသင်းဟောင်းသို့ ပြန်လည် ပြောင်းရွှေ့သွားသည်။

ရှက်ချင်ကိုသည် (၁၉၉၉)ခုနှစ်က ဒိုင်နမို အသင်းနှင့်အတူ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ကာ ရီးရဲလ် မက်ဒရစ်အား အနိုင်ယူ ကျော်ဖြတ် ပြခဲ့ပြီးနောက် အေစီ အသင်းက စတင် ၀ယ်ယူခဲ့ခြင်း ဖြစ်သည်။ ရှက်ချင်ကို သည် အေစီတွင် ကစားနေရင်း ဥရောပ အကောင်းဆုံး ဘောလုံး သမားဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး အီတလီ စီးရီးအေ ချန်ပီယံဆုနှင့် ဥရောပ ချန်ပီယံလိဂ် သရဖူ တို့ကိုလည်း ဆွတ်ခူး နိုင်ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here