တရုတ်-မြန်မာနယ်စပ် တိုက်ပွဲများ ပြင်းထန်ခဲ့

alt

တရုတ်-မြန်မာ နယ်စပ်တွင် မြန်မာ စစ်အစိုးရ စစ်တပ်နှင့် ကိုးကန့် ငြိမ်းချမ်းရေး ခွဲထွက် အဖွဲ့များနှင့်  တိုက်ခိုက်မှု ပြီးဆုံး သွားပြီးနောက် ဋ္ဌာနေ ဒေသခံ စစ်ပြေး ဒုက္ခသည်များ နေရပ်သို့ တဖွဲဖွဲ ပြန်လည် ၀င်ရောက် လာကြောင်း သိရှိရသည်။

ဩဂုတ်လ (၃၀)ရက် နေ့က ကိုးကန့် ဒေသတွင် အပြင်းအထန် တိုက်ခိုက် မှုများ ဖြစ်ပွားခဲ့ရာ သူပုန် (၃၄)ဦးထက် မနည်း သေဆုံးကြောင်း မြန်မာ စစ်အစိုးရပိုင် ရုပ်မြင် သံကြားဌာနက ကြေညာခဲ့သည်။

ထိုနေ့က နယ်စပ် ဒေသတွင် ကြမ်းတမ်းစွာ ဖြစ်ပွားခဲ့သော (၃)ရက် အကြာတိုက်ပွဲ အဆုံးသတ် သွားပြီး စစ်တပ်ဘက်မှ လေကြောင်း ပစ်ကူပင် ယူခဲ့ရကြောင်း သိရှိရသည်။

အတိုက်အခံ လက်နက်ကိုင်များ ဘက်မှ အကျအဆုံး များပြားခဲ့သလို စစ်အစိုးရ ဘက်မှ စစ်သား(၁၁)ဦးနှင့် ရဲ(၁၅)ဦးတို့ သေဆုံး ခဲ့ရသည်။ ထို့အပြင် စစ်သား(၃၄)ဦးနှင့် ရဲ(၁၃)ဦး တို့လည်း ဒဏ်ရာများ ရရှိခဲ့ကြောင်း မြန်မာ စစ်အစိုးရပိုင် သတင်းများက ဆိုသည်။

ဩဂုတ်လ (၃၀)ရက် နေ့မှစပြီး တိုက်ပွဲ ပြီးဆုံးပြီးနောက် ဒေသခံများ တဖွဲဖွဲ ပြန်လည် ၀င်ရောက်လာ သလို ဩဂုတ်လ (၃၁)ရက် နေ့တွင် ပိုမိုများပြားစွာ ပြန်လာနေကြောင်း မျက်မြင်များက ပြောကြားခဲ့သည်။ အစိုးရနှင့် တိုက်ခိုက်ခဲ့သော လက်နက်ကိုင် ငြိမ်းချမ်းရေး ခွဲထွက် တပ်ရင်းများသည် ယခုအခါ တရုတ် နိုင်ငံဘက်သို့ ဆုတ်ခွာသွားကြောင်း သိရှိရသည်။

လတ်တလော ကာလတွင် စစ်အစိုးရ စစ်တပ်က ကိုးကန့်ဒေသ လောက်ကိုင်ကို အခြေပြုကာ ထိန်းချုပ် တပ်စွဲထားပြီးနောက် စစ်အစိုးရပိုင် မီဒီယာ သတင်းဌာနများက အခြေအနေကို ထိန်းသိမ်း ထားလိုက်နိုင်ကြောင်း ကြေညာလျှက် ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here