ကီရာနိုက်တလီ နှင့် စကားလက် တို့၏ The Fair Lady ဇာတ်ကား အတွက် ယှဉ်ပြိုင်မှု တိုက်ပွဲ

alt

ဇာတ်ကား တခုတွင် နေရာရရေး အတွက် ကီရာနိုက်တလီ နှင့် စကားလက် ဂျိုဟန်ဆန် တို့ အကြိတ်အနယ် ဖြစ်နေ ကြကြောင်း သိရှိ ရသည်။

(၁၉၆၄) ခုနှစ်က ရိုက်ကူးခဲ့သော The Fair Lady ဇာတ်ကားကို ပြန်လည် ရိုက်ကူးမည့် ဇာတ်ကားတွင် အဓိက ဇာတ်ကောင် ပန်းသည် မလေး အီလက်ဇာ ဒူလက်တယ် အဖြစ် သရုပ်ဆောင်ရန် မူလက ဗြိတိန် မင်းသမီး ကီရာ က အပြတ်အသတ် ရေပန်းစား နေသော်လည်း နောက်ပိုင်းတွင် ထုတ်လုပ်သူများက အမေရိကန် မင်းသမီး စကားလက် ကိုပါ မျက်စိ ကျလာ ခဲ့ကြသည်။

သတင်းများက ယခုကိစ္စအား အမေရိကန်နှင့် ဗြိတိန်၏ အနုပညာ အားပြိုင်မှု အဖြစ် ဖော်ပြခဲ့ကြပြီး မင်းသားနေရာ အတွက်မူ ဒင်နီရယ် ကရိတ်သာ ဖြစ်နိုင်ကြောင်း ခန့်မှန်း ရေးသားခဲ့ကြသည်။ ကီရာ ကိုယ်တိုင်ကလည်း မူလက ထိုဇာတ်ကား အတွက် အဆိုပိုင်း တွင်ပါ ထူးချွန်အောင် လေ့ကျင့်နေကြောင်း သတင်းထောက်များထံ ပြောဆိုခဲ့ဖူးပြီး ယခု အခါတွင် အမေရိကန် မင်းသမီးတဦး၏ ယှဉ်ပြိုင်မှုနှင့် ကြံုနေရကြောင်း ထုတ်ဖော် ၀န်ခံလိုက်ပြီ ဖြစ်သည်။

အီလက်ဇာ ဇာတ်ရုပ် အတွက် မင်းသမီးနှစ်လက်ကို စဉ်းစားထားသော်လည်း အပြီးသတ် မရွေးချယ် ရသေးကြောင်း စီစဉ်သူများက ဆိုသည်။ သို့သော်လည်း ဗြိတိန် စာနယ်ဇင်းများက ယခု ဇာတ်ကားသည် ကီရာ နှင့်သာ ပိုမို ကိုက်ညီကြောင်း ဆန္ဒပြု ရေးသားနေပြီး စကားလက် ဖက်မှ တစုံတရာ ထင်ကြေးပေးမှု မရှိသေးကြောင်း ဗြိတိန်မှ လာသော သတင်းများတွင် ဖေါ်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here