ဘုန်းတော်ကြီး ဒလိုင်းလားမား၏ တိုင်ဝမ် ခရီးစဉ်အပေါ် တရုတ်ဝေဖန်

alt

ဘုန်းတော်ကြီး ဒလိုင်းလားမား တိုင်ဝမ် နိုင်ငံသို့ ရောက်ရှိ လာခြင်းသည် တရုတ် နှင့် တိုင်ဝမ်ကြား တိုးတက်လာသော ဆက်ဆံမှုကို ဖျက်ဆီး လိုက်ခြင်းပင် ဖြစ်ကြောင်း တရုတ်ဘက်မှ ကြေညာ လိုက်သည်။

တိဘက် ဒေသရှိ ဗုဒ္ဓဘာသာ ခေါင်းဆောင်ကြီးသည် တာအိုယွမ် လေဆိပ်သို့ ဩဂုတ်လ (၃၁)ရက် နေ့က ဆိုက်ရောက်လာပြီး ၎င်း၏ ခရီးစဉ်သည် လူသားခြင်း စာနာမှုအတွက် သီးသန့် ရည်ရွယ်ကြောင်း ကြေညာခဲ့သည်။

ကိုယ်တော်ကြီးသည် မုန်တိုင်းဒဏ်သင့် ပြည်သူများအား အားပေး ကူညီရန် ရည်စူးပြီး လာရောက်ခဲ့ခြင်း ဖြစ်သော်လည်း တရုတ် အစိုးရကမူ နိုင်ငံရေးနှင့် ဆက်ယှက် လာမည်ဟု ယုံကြည်နေဆဲ ဖြစ်သည်။ ကိုယ်တော်ကြီးသည် တရုတ် အစိုးရ၏ ပြည်နှင်ဒဏ် ပေးမှုကြောင့် တိဘက်ဒေသမှ ဝေးကွာသော ဒေသများတွင် ရာစုနှစ် ထက်ဝက်ကျော်မျှ နေထိုင် ရရှာသူ ဖြစ်သည်။

ဒလိုင်းလားမား ဘုန်းတော်ကြီး တရုတ် အစိုးရ၏ ကန့်ကွက်မှုများကို နားမလည်ကြောင်းနှင့် ယခုမိမိ၏ တိုင်ဝမ် ခရီးစဉ်သည် နိုင်ငံရေးနှင့် လုံးဝ မပတ်သက်ကြောင်း သတင်းထောက် များအား ပြောကြားခဲ့သည်။ မိမိသည် ဘုရား၏ သားတော် ဘုန်းတော်ကြီး တပါးမျှသာ ဖြစ်ကြောင်း၊ သေဆုံးသူများ၊ ဒုက္ခရောက်သူများ အတွက် ကူညီရန်နှင့် ဆုမွန်ကောင်းတောင်း မေတ္တာ ပို့သရန်သာ ရည်စူးကြောင်း ကိုယ်တော်ကြီးက ဆိုသည်။

တရုတ် အစိုးရမူ ဒလိုင်းလားမားသည် ဗုဒ္ဓဘာသာကို အကြောင်းပြကာ နိုင်ငံရေး အမြတ်ထုတ် နေသူဟု ယခင်က စွပ်စွဲခဲ့ဖူးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here