မြန်မာ ဘလော့ဂ္ဂါများ၏ တွေ့ဆုံပွဲ နှင့် လေ့လာရေး ခရီးစဉ် အောင်မြင်စွာ ကျင်းပ ပြီးစီး

alt

မြန်မာ ဘလော့ဂ္ဂါများ ၏ တွေ့ဆုံပွဲ နှင့် စုပေါင်း လေ့လာရေး ခရီးကို အောင်မြင် စွာ ကျင်းပပြုလုပ် နိုင်ခဲ့ကြောင်းသတင်း ရရှိသည်။

မြန်မာ ဘလော့ဂ္ဂါများ ၏ ဒုတိယ အကြိမ်မြောက် တွေ့ဆုံပွဲကို ရန်ကုန်မြို့ ကန်တော်ကြီး ကလေး ကစားကွင်း အနီးတွင် ဩဂုတ်လ (၂၉) ရက် (စနေနေ့) နံနက် (၁၀) နာရီမှ ညနေ (၄) နာရီ အထိ ကျင်းပခဲ့ပြီး၊ ဘလော့ဂ္ဂါ အချင်းချင်း မိတ်ဆက်ခြင်း၊ ဂိမ်းဆော့့ခြင်း၊ Debate လုပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ရန်ကုန်မှ ဘလော့ဂ္ဂါ တဦးမှ ဆိုသည်။

ထို အလွတ် တွေ့ဆုံပွဲ အခမ်းအနားတွင် ဘလော့ဂ်ဂါများ၏ နာမည်ကို လက်ဟန် ခြေဟန် အမူအရာတွေနဲ့ ဖွက်ပြီး အမည်ဖော်ရသော Blogger ဖွက်တမ်းဟု အမည်ပေးထားသော ဂိမ်းဆော့ကစားနည်း အပြင်၊

  • Blogger မှာ ရေးရတာ ကောင်းတယ် နဲ့ WordPress မှာ ရေးရတာ ကောင်းတယ်
  • Blogger ဖြစ်ရတာ ကောင်းတယ်၊ Blogger ဖြစ်ရတာ မကောင်းဘူး

ဆိုသော Debate လေးများလဲ ဆန္ဒခံယူကြသည်ဟု သိရှိရသည်။

အခြားသော အစီစဉ်အဖြစ် မြန်မာ ဘလော့ဂ်ဂါများ ၏ စုပေါင်း လေ့လာခရီးကို ဩဂုတ်လ (၂၉) ရက် (စနေနေ့) ည ၁၀  နာရီတွင် ရန်ကုန်မြို့ မှ ပြည်မြို့ သရေခေတ္တရာ မြို့ဟောင်းအား လေ့လာရေး ခရီး ထွက်ခွာခဲ့ကြပြီး၊ ဩဂုတ်လ ၃၁ ရက် မနက်၊ ကမာ္ဘ့ဘလောဂ့် နေ့တွင် ရန်ကုန် မြို့ သို့ ပြန်လည် ရောက်ရှိကာ၊  အဆိုပါ ခရီးစဉ်ကို Shrikittaya 2.0 ဟု တင်စားခေါ်ဝေါ် သည်ဟု သိရှိရသည်။ ထိုအစီစဉ်အား Myanmar Blogger Society မှ Blog Day အထိမ်းအမှတ် အဖြစ် ဦးဆောင် ကျင်းပခဲ့ကြောင်း သိရသည်။

နောင်လာမည့် အနာဂါတ်တွင် ဘလောဂ့်ဂါ အချင်းချင်း အွန်လိုင်းတွင် သာမက ပြင်ပမှာပါ ရင်းနှီး နွေးထွေးစေသော ယခုလို အစီအစဉ်မျိုးကို နောင်လည်း အခွင့်အခါ သင့်တိုင်း ပြုလုပ်ပေး သွားချင်ပါသည်ဟု ယခုခရီးအား စီစဉ်သူ တဦးက လူထုအသံသို့ ပြောဆိုခဲ့ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here