ISS ရောက် ဒစ္စကာဘာရီ အာကာသ လွန်းပျံယာဉ် လုံခြုံရေး ယာဉ်မှူးများ စိုးရိမ်နေ

alt

နိုင်ငံတကာ အာကာသစခန်း ISS သို့ ဆိုက်ရောက်နေပြီ ဖြစ်သော်လည်း Discovery လွန်းပျံယာဉ်၏ လုံခြံုရေး အခြေအနေနှင့် ပတ်သက်ပြီး ယာဉ်မှူး များက စိုးရိမ် နေကြသည်။

လွန်းပျံယာဉ်သည် စနစ်အချို့ ချွတ်ယွင်း မှုများ ရှာဖွေ တွေ့ရှိပြီးနောက် နှစ်ကြိမ် တိုင်တိုင် ရွှေ့ဆိုင်းခဲ့ရပြီး ဩဂုတ်လ (၂၈)ရက် နေ့ကမှ လွှတ်တင်နိုင် ခဲ့သည်။

Discovery လွန်းပျံယာဉ်သည် ISS သို့ ဩဂုတ်လ (၃၀)ရက် နေ့က ဆိုက်ရောက် လာပြီးနောက် ယာဉ်တွင် တပ်ဆင်ထားသည့် အပူကာဒိုင်း များမှာ ထိခိုက်မှုများ ဖြစ်ပေါ်နေကြောင်း ယာဉ်မှူးများက စစ်ဆေး တွေ့ရှိခဲ့သည်။

ယာဉ်မှူးတဦး ဖြစ်သည့် ရက်စတူး ရက်ကော က မိမိတို့သည် ယာဉ်၏ အပူကာဒိုင်း လုံခြံုရေး အခြေအနေကို စက်လက်တံများ သုံးစွဲကာ ဆန်းစစ်ခဲ့ပြီး ဆိုးဆိုးရွားရွား မဖြစ်နိုင်ဟု မျှော်လင့်မိကြောင်း နာဆာအဖွဲ့သို့ သတင်း ပေးပို့ခဲ့သည်။

ယာဉ်ပျံသည် ကနေဒီ အာကာသ လေ့လာရေး အခြေစိုက် စခန်းမှ ပျံသန်း ထွက်ခွာလာစဉ် မတော်တဆ ထိခိုက်မှု တစုံတရာကြောင့် ယခုကဲ့သို့ လောင်စာကန်တွင် ပျက်စီးမှု ပေါ်ပေါက်လာခြင်းဟု နာဆာက ခန့်မှန်း ထားကြသည်။

သို့သော်လည်း ယာဉ်ပျံ၏ ကမာ္ဘမြေသို့ ပြန်ရာခရီးသည် ဖြောင့်တန်း ချောမွေ့မည်ဟု နာဆာက ပြောကြား ထားသည်။ Discovery အပါအဝင် လွန်းပျံယာဉ်များအား အပူကာ ဒိုင်းစနစ် တပ်ဆင်ခြင်းကို (၂၀၀၃) ခုနှစ်၊ Columbia လွန်းပျံယာဉ် အပူလွန်ကဲရာမှ မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားပြီး နောက်ပိုင်း နာဆာက တိတိကျကျ ဆောင်ရွက် ပေးထားကြောင်း သတင်းထုတ်ပြန်ထားသည်ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here