A/H1N1 တုပ်ကွေး မယုံကြည် နိုင်လောက်အောင် ဆက်လက် ပျံ့နှံ့ နေဆဲ W.H.O ကြေညာ

alt

ကမာ္ဘ့ ကျန်းမာရေး အဖွဲ့ကြီး WHO မှ အကြီးအကဲ ဖြစ်သူ ဒေါက်တာ မာဂရက်ချန်း က A/H1N1 တုပ်ကွေး ပျံ့နှံ့ ကူးစက်မှုသည် အလွန် လျှင်မြန်ပြီး မယုံကြည် နိုင်စရာ ကောင်းလောက် အောင် ကျယ်ပြန့် လာကြောင်း ၀န်ခံ ခဲ့သည်။

မိမိတို့ အနေနှင့် ထိုကမာ္ဘ့ ကပ်ရောဂါ ကြီးအား တားဆီးရန် ကြိုးပမ်း နေသော်လည်း အထ မမြောက်ဘဲ ကမာ္ဘ့နိုင်ငံ အသီးသီးသို့ ရောက်ရှိ နေပြီဟု ယုံကြည်ရကြောင်း ချန်း က ဆိုသည်။

ထို့အပြင် နိုင်ငံတကာ အစိုးရ များသည် A/H1N1 ကြောင့် အဆိုးရွားဆုံး ကျန်းမာရေး ပြဿနာ တရပ်ကို လက်သင့်ခံ ရင်ဆိုင်ရန် ကြိုတွေး ထားသင့်ပြီ ဖြစ်ကြောင်း ချန်းက သတိပေးခဲ့သည်။

ပြင်သစ် သတင်းစာ တစောင်နှင့် အင်တာဗျူးတွင် ချန်းက ယခု တုပ်ကွေးကြောင့် သေသူများ အနက် (၆၀) ရာခိုင်နှုန်းသည် ကိုယ်ခံအား နည်းပါး နေသူများဖြစ်ပြီး (၄၀) ရာခိုင်နှုန်းသည် ကျန်းမာ သန်စွမ်းသူများ ဖြစ်နေကြောင်း၊ ဗိုင်းရပ်စ်ပိုးသည် အဆုပ်အား ဖျက်ဆီးပစ်နိုင်ပြီး ထိုအချက်သည် အသက်အရွယ် မရွေး၊ အခြေအနေ မရွေး ထိုရောဂါကြောင့် အသက် ဆုံးရှုံးနိုင်သည်ဟု ညွှန်ပြနေခြင်း ဖြစ်ကြောင်း ချန်းက ပြောကြားခဲ့သည်။

ကမာ္ဘတလွှားမှ ကောက်ယူ ရရှိသော စစ်တမ်းများ အရ H1N1 တုပ်ကွေးသည် စတင် ပေါ်ပေါက်လာသည့် အချိန်မှစပြီး ကမာ္ဘအနှံ့တွင် လူပေါင်း (၃၀၀၀) ကျော်ထက် မနည်း သေကြေစေခဲ့ပြီဟု ယုံကြည်ရကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here