အမေရိကားမှ ကယ်လီဖိုးနီးယား တောမီး ပြင်းထန် လောင်ကျွမ်း

alt

အမေရိကန် နိုင်ငံ၊ ကယ်လီဖိုးနီးယား ဒေသတွင် ပြင်းထန်စွာ လောင်ကျွမ်း နေသော တောမီးကို ငြှိမ်းသတ်ရန် ကြိုးစားရင်း မီးသတ် ၀န်ထမ်း(၂)ဦး သေဆုံးသွားကြောင်း သိရှိရသည်။

အရှိန်အဟုန် ပြင်းထန်စွာ အင်အား ကြီးမားလာသည့် မီးစွယ်များကြောင့် အဆိုပါ မီးသတ်သမားများ မောင်းနှင်လာသည့် မီးသတ်ကားမှာ အရှိန်မြှင့် မောင်းရင်း တောင်စောင်း တခုမှ ချော်ကျကာ ယခုလို အသက်  ဆုံးရှုံးခဲ့ခြင်းဟု သတင်းများက ဆိုသည်။

အိမ်ပေါင်း (၁၂၀၀၀)ကျော် တို့နှင့် ၀ီဆန် တောင်ထိပ်ရှိ နက္ခတ်ဗေဒ လေ့လာရေး စခန်းတခု တို့မှာ မီးလောင်ကျွမ်း ၀ါးမြိုခံရမည့် အခြေအနေ၏ ခြိမ်းခြောက်မှုအား တွေ့ကြံု နေရသည်။ မီးသတ်သမား နှစ်ဦးသည် ဩဂုတ်လ (၃၀)ရက်နေ့က အက်တန်မြို့ အနီးရှိ ဂလီဆန် တောင်အနီး သေဆုံးသွားခြင်း ဖြစ်သည်။

ခရိုင်မီးသတ် အကြီးအကဲ မိုက်ဘရိုင်ယန်က ၎င်းတို့သည် ညီအစ်ကို အရင်းနှစ်ယောက် ဆုံးရှုံးသွားသလို ခံစားရပြီး ကျန်ရစ်သူ မိသားစု အတွက်လည်း စာနာမိကြောင်း ဩဂုတ်လ (၃၀)ရက်နေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား သွားခဲ့သည်။ မီးသတ်ဗိုလ်ကြီး တက်မွန်ဟော (အသက် ၄၇နှစ်)နှင့် မီးသတ်ကျွမ်းကျင် ပညာရှင် အာနိုးကွီနိုနက် (အသက် ၃၅နှစ်) တို့သည် ယာဉ်မှောက်မှု အတွင်း သေဆုံး သွားကြောင်း မီးသတ်ဌာနက ကြေညာချက် ထုတ်ပြန်သွားသည်။

လက်ရှိ လောင်ကျွမ်းနေသော မီးသည် အရှိန်အဟုန် ကောင်းနေဆဲဖြစ်ပြီး ဒေသခံ အချို့ကို မီးသတ်ဌာနက ရွှေ့ပြောင်း ပေးထားကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here