မိသားစုများ ပေါင်းစည်းရေး ကိုရီးယား နှစ်နိုင်ငံ သဘောတူညီမှု ရဟုဆို

alt

တောင်နှင့်မြောက် ကိုရီးယား နှစ်နိုင်ငံရှိ ကွဲကွာနေသော မိသားစုများ ပြန်လည် ပေါင်းစည်းခွင့် ရရေး ဆွေးနွေးပွဲသည် သဘောတူညီမှု ရရှိခဲ့ပြီဟု သတင်းများ ထွက်ပေါ် လာခဲ့သည်။

နှစ်နိုင်ငံမှ ညှိနှိုင်းရေး အဖွဲ့များသည် လာမည့် လအတွင်း အဆိုပါ မိသားစုချင်း ပေါင်းစည်း တွေ့ဆုံရေး အစီအစဉ်အား လာမည့် လအတွင်း ပြုလုပ်နိုင်ရန် အကြေအလည် ညှိနှိုင်း ခဲ့ကြသည်။

(၃)ရက် ကြာမျှ မြောက်ကိုရီးယား နိုင်ငံတွင် ပြုလုပ်ခဲ့သော ဆွေးနွေးမှုများ အပြီး မိသားစု(၂၀၀)သည် စက်တင်ဘာလ (၂၆)ရက် နေ့မှ အစပြုကာ (၆)ရက် အကြာ တွေ့ဆုံခွင့် အတွက် သဘောတူညီမှု ရရှိပြီဖြစ်ကြောင်း သိရှိရသည်။

နှစ်နိုင်ငံ အစိုးရများသည် လွန်ခဲ့သော (၂)နှစ် ကလည်း အလားတူ မိသားစုချင်း ပေါင်းစည်း တွေ့ဆုံရေး စီမံကိန်းအတွက် ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း သိရသည်။ နိုင်ငံရေး အယူဝါဒ မတူညီသော နိုင်ငံနှစ်ခုသည် နွေးထွေးစွာ ညှိနှိုင်း ပြောဆိုမှုမျိုး အလွန် နည်းပါးခဲ့သော်လည်း ယခု နောက်ပိုင်းတွင် ဆက်ဆံရေး တစထက်တစ ပြန်လည် တိုးတက်လာနေကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here