အမေရိကန် သမတ ဖြစ်ချင်တဲ့ နစ်ဂျိုနက်

alt

အမေရိကားမှ လူငယ်တေးဂီတ အဖွဲ့တခုမှ နစ်ဂျိုနက်က ၎င်းသည် တနေ့နေ့တွင် အမေရိကန် သမတကြီး ဖြစ်လာရမည်ဟု ရည်မှန်းချက် ထားရှိကြောင်း ပြောကြား သွားခဲ့သည်။

ဂျိုနက် ဘရားသားစ် အဖွဲ့မှ (၁၆)နှစ် အရွယ် အဆိုတော်က ၎င်းသည် ကလေးဘဝ ကတည်းက တိုင်းပြည်၏ ခေါင်းဆောင် ဖြစ်လာရန် ရည်မှန်းချက် ထားခဲ့ကြောင်း ထုတ်ဖော် ၀န်ခံခဲ့သည်။

နစ်က ၎င်းသည် သမတဖြစ်ရန် ရည်ရွယ်ထားသည်ဟု အမြဲ ပြောလေ့ ရှိကြောင်း၊ ထိုကိစ္စသည် ၎င်းဘဝတွင် အရေးအပါဆုံး စိတ်ကူးလည်း ဖြစ်ကြောင်း ဆိုသည်။

နစ်သည် ခန္ဓာကိုယ်မှ အင်ဆူလင် လုံလောက်စွာ မထွက်ရှိခြင်းကြောင့် ဆီးချိုဆန်ဆန် ဝေဒနာမျိုး ခံစားနေရသူ ဖြစ်ပြီး ထို အခြေအနေသည် မျက်စိ ကွယ်ခြင်းနှင့် ကျောက်ကပ် ရောဂါများကို ဦးတည် စေနိုင်ကြောင်း ဆရာဝန်များက သတိပေးမှု ခံထားရသူ ဖြစ်သည်။

နစ် ကမူ ၎င်း၏ ကျန်းမာရေး အခြေအနေ အတွက် သတိပြု နေရသော်လည်း ထိုကိစ္စသည် နိုင်ငံတာဝန်ကို အကြီးမားဆုံး ရယူရန် မျှော်လင့်ချက်ကို ထိပါးနိုင်မည် မဟုတ်ဟု ပြောကြားခဲ့သည်။

ထို့အပြင် လက်ရှိကာလ ဆေးပညာ တိုးတက်မှုများကြောင့် ၎င်း ခံစားနေရသည့် ဆီးချိုရောဂါမှာ အမြစ်ပါမကျန် ပျောက်သွားမည်ဟု ယုံကြည်ကြောင်း နစ်က ဖြေရှင်း ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here