လော်ကာဘီ ဗုံးခွဲတရားခံ ပြန်လွှတ်ပေးမှု စွမ်းအင်ကိစ္စနှင့် ဆက်စပ်မှု ရှိနိုင်

alt

စကော့တလန် နိုင်ငံ တရားရုံးက လော်ကာဘီ လေယာဉ် ဖောက်ခွဲသူ အကျဉ်းသားအား ပြန်လွှတ် ပေးလိုက်မှုသည် စွမ်းအင် ကဏ္ဍနှင့် ဆက်စပ်မှု ရှိနေနို်င်ကြောင်း ခန့်မှန်းမှုများ ထွက်ပေါ်လာခဲ့ ပြီဖြစ်သည်။

ဗြိတိန် နိုင်ငံသား အတော်များများက အက်ဘဒူလာ ဘာဆက် အလီမာမက် အယ်မီဂရာဟီ အား ပြန်လွှတ် ပေးလိုက်မှုသည် လစ်ဗျားမှ ထွက်ရှိသည့် ရေနံအပေါ် ဗြိတိန် အစိုးရ၏ အာရုံကျ လာမှုကြောင့် ဖြစ်နိုင်ကြောင်း သုံးသပ်လျှက် ရှိကြသည်။

(၁၉၈၈) ခုနှစ်က အမေရိကန် နိုင်ငံသား အများအပြား ပါ၀င်သော ခရီးသည်တင် လေယာဉ်ကြီးအား ဖောက်ခွဲလိုက်သူ မီဂရာဟီအား ပြန်လွှတ် ပေးလိုက်သည့် အတွက် ဗြိတိသျှ မဟာမိတ် အမေရိကန်နိုင်ငံ၏ အကြီးအကျယ် ကန့်ကွက်မှုကို လျစ်လျူရှု ခဲ့ခြင်းသည် လူသားခြင်း စာနာမှုထက် လောင်စာဆီ ရရှိရေးက ပဓာန ကျဖွယ်ရှိကြောင်း လေ့လာသူများက ဆိုသည်။

မီဂရာဟီ သည် ဆီးကြိတ် ကင်ဆာကြောင့် သေအံ့မူးမူး ရောက်ရှိနေကြောင်း စကော့တလန် တရားရုံးက အကြောင်းပြခဲ့ပြီး ထို့အတွက်ကြောင့် လူပေါင်း(၂၇၀)ကို သေကြေစေခဲ့သည့် လေယာဉ် ဗုံးခွဲမှုကြီးအား ဆောင်ရွက်ခဲ့သူ ရာဇဝတ်သားအား ပြန်လွှတ် ပေးခဲ့ကြောင်း ကြေညာ၍ လုပ်ဆောင်ခဲ့သည်။

သို့သော်လည်း ဗြိတိသျှလူမျိုး အများစု ကမူ ထိုကိစ္စသည် ရေနံကြွယ်ဝသော လစ်ဗျား အစိုးရနှင့် ဆက်ဆံရေး တိုးတက်လာစေရန် ဗြိတိန် တာဝန်ရှိသူများ၏ လှည့်ကွက် တခုသာဖြစ်ပြီး မီဂရာဟီအား ပြန်လွှတ် ပေးလိုက်ခြင်းကြောင့် လစ်ဗျားမှ ရေနံ ၀ယ်ယူခွင့် ပိုမို လွယ်ကူ လာနိုင်ကြောင်း ဗြိတိသျှဖက်မှ ယုံကြည်လျှက် ရှိနေကြပြီ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here