ဂျပန် အလုပ်လက်မဲ့ ဦးရေ ဆက်လက် မြင့်တက်နေဆဲ

alt

ဂျပန်နိုင်ငံ၏ အလုပ်လက်မဲ့ ဦးရေသည် စိုးရိမ်စရာ အခြေအနေ အထိ ဆက်လက် မြင့်တက်နေကြောင်း သိရှိရသည်။

ဇူလိုင်လ အထိ ကောက်ယူသော စစ်တမ်းများတွင် ဂျပန်နိုင်ငံ၊ အလုပ်လက်မဲ့ ဦးရေသည် စံချိန်တင် ပမာဏအဖြစ် (၅.၇) ရာခိုင်နှုန်း တိုးမြင့်လာကြောင်း ပါရှိသည်။

ကုမ္မဏီများနှင့် စက်မှု လုပ်ငန်းများသည် စီးပွားရေး အခြေအနေ ပြန်လည် တည်ငြိမ် လာသည့်တိုင် အလုပ်သမားများကို အလုပ်ဖြုတ်ပစ် နေဆဲဖြစ်ပြီး လက်ရှိအစိုးရ ရွေးကောက်ပွဲတွင် အနိုင်ရပါက အခြေအနေ ဆက်လက် ဆိုးရွားနေနိုင်ကြောင်း လေ့လာသူ များကဆိုသည်။

အကောင်းမြင် ၀ါဒီများကမူ အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီသည် ရွေးကောက်ပွဲတွင် အရေးနိမ့် သွားနိုင်ကြောင်း ယုံကြည်နေကြပြီး၊ ထိုပါတီသည် ပြီးခဲ့သည့် (၅၄)နှစ်တွင် (၅၃)နှစ်ကြာ အာဏာကို ထိန်းသိမ်း ထားနိုင်ခဲ့သည်။ ဇူလိုင်လ အတွင်း ဂျပန် အလုပ်သမား (၃.၆) သန်းမှာ အလုပ်ဖြုတ် ခံခဲ့ရပြီး ထိုပမာဏသည် ပြီးခဲ့သည့်နှစ် ဇူလိုင်လထက် (၁)သန်း ပိုများကြောင်း သိရှိရသည်။

ဂျပန်၏ စီးပွားရေး ဖွံ့ဖြိုးမှုသည် ဧပြီနှင့် ဇွန်လများ အတွင်း (၀.၉) ရာခိုင်နှုန်း မြင့်တက် လာခဲ့သော်လည်း လေ့လာသူများက အပြည့်အဝ ကောင်းမွန်လာရန် ကိုမူ သံသယ ရှိနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here