ဘုန်းတော်ကြီး ဒလိုင်းလားမား ဩဂုတ် လကုန်တွင် တိုင်ဝမ်သို့ ရောက်မည်

alt

တိုင်ဝမ်နိုင်ငံ သမတ မာရင်ဂျောင်က ဒလိုင်းလားမား ဘုန်းတော်ကြီးအား ဖိတ်ကြား ခဲ့ပြီးနောက် တိဘက် ဘာသာရေး ခေါင်းဆောင်ကြီးသည် ဩဂုတ်လ (၃၀)ရက် နေ့တွင် မြို့တော်တိုင်ပေသို့ လာမည့် သီတင်းပါတ်တွင် ရောက်ရှိ လာမည်ဟု သိရှိရသည်။

ကိုယ်တော်ကြီးသည် တနင်္ဂနွေနေ့တွင် မုန်တိုင်းဒဏ်ခံ ကျွန်းနိုင်ငံလေးသို့ ရောက်လာ ပြီးနောက် (၆)ရက်ကြာ နေထိုင်မည်ဟု ဆိုသည်။ တရုတ်နှင့် တင်းမာမှုများ ရှိနေသည့် ကိုယ်တော်ကြီး ရောက်ရှိ လာမှုကြောင့် တိုင်ဝမ်နှင့် တရုတ် တို့ကြား ဆက်ဆံရေး တိုးတက်လာမှုမှာ တကျော့ပြန် ဆိုးရွား လာဖွယ်ရှိကြောင်း လေ့လာသူ များကဆိုသည်။

တိုင်ဝမ်သည် မိုရာကော့ တိုင်ဖွန်း မုန်တိုင်းကြီး ဒဏ်ကို အလူးအလဲ ခံစားခဲ့ရပြီး ကိုယ်တော်ကြီးသည် အဆိုးဆုံး မုန်တိုင်း ဒဏ်သင့်ဒေသ ကိုဆီအန်း သို့ သွားရောက်ပြီး ဒုက္ခသည်များအား နှစ်သိမ့်ကူညီရန် စီစဉ်ထားကြောင်း သိရသည်။

သမ္မတမာသည် ဒလိုင်းလားမား ကိုယ်တော်ကြီး ရောက်ရှိလာမည့် အတွက် အစိုးရက ကျေနပ် ပျော်ရွှင်ကြောင်း သတင်းထောက် များအား အစောပိုင်း ကတည်းက အတည်ပြု ပြောဆိုထားခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း တရုတ်နိုင်ငံ၊ ဘေဂျင်း အစိုးရကမူ တိုင်ဝမ်၏ လုပ်ဆောင်မှုအတွက် စိတ်ပျက်ကြောင်း အတည်ပြု ကြေညာ ထားခဲ့သည်။

တရုတ်နိုင်ငံ၏ တိုင်ဝမ်ဆိုင်ရာ ဆက်ဆံရေးရုံးမှ ပြောရေး ဆိုခွင့်ရပုဂ္ဂိုလ်က တိုင်ဝမ် အစိုးရ၏ အကြံအစည် အတွက် အံ့ဩ စိတ်ပျက်မိကြောင်း၊ ဒလိုင်းလားမားသည် သန့်စင် မွန်မြတ်သော ဘာသာရေး ခေါင်းဆောင်တဦး မဟုတ်ဘဲ ဘာသာရေးကို ခုတုံးလုပ်ကာ နိုင်ငံရေး အမြတ်ထုတ်ရန် ကြံစည်နေသူသာ ဖြစ်ကြောင်း ဆင်ဟွာ သတင်းဌာနမှ တဆင့် ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here