နေရောင်ခြည်ဒဏ် ကာကွယ်သည့် UV Cream များကြောင့် အယ်လ်ဇိုင်းမား ပိုဖြစ်နိုင်

alt

နေရောင်ခြည်ဒဏ် ကာကွယ်သော Cream များ သုံးစွဲခြင်းသည် အယ်ဇိုင်းမား ရောဂါ ဖြစ်နိုင်ချေကို မြင့်တက် လာစေနိုင်ကြောင်း ပညာရှင် များက သတိပေး  ပြောကြား လိုက်သည်။

အဆိုပါ Cream များကို ဗြိတိန် နိုင်ငံသား သန်းနှင့်ချီပြီး အားလပ်ရက် အပမ်းဖြေ ခရီးများတွင် သုံးစွဲလေ့ရှိရာ ကျန်းမာရေး အတွက် စိုးရိမ်စရာ ဖြစ်နေကြောင်း အူစတာ တက္ကသိုလ်မှ သုတေသီများက ပြောကြားခဲ့သည်။

ထို တက္ကသိုလ်မှ ပညာရှင် (၂)ဦးသည် အယ်ဇိုင်းမား နှင့် နေရောင်ခြည် ကာကွယ်ရေး Cream များကြား ဆက်စပ်မှုကို ဖော်ထုတ် ပြနိုင် ခဲ့ပြီးနောက် ဥရောပ ယူနီယံက ပေါင်(၃) သိန်းခွဲ ဆုချီးမြှင့် ခဲ့သည်။

၎င်းတို့သည် ယခု သုတေသန လုပ်ငန်းကို (၃)နှစ်ကြာ အချိန်ယူ လုပ်ဆောင် ခဲ့ကြပြီးနောက် နေရောင်ခြည်ကာ Cream များသည် အယ်ဇိုင်းမား အပြင် ပါကင်ဆန် ရောဂါနှင့်လည်း ဆက်စပ်နေကြောင်း ဖော်ထုတ် နိုင်ခဲ့သည်။ (၂၀၀၃)ခုနှစ် ကတည်းက ဗြိတိန်မှ ပညာရှင် အချို့တို့သည် နာမည်ကျော် နေရောင်ကာ Cream အချို့သည် အရေပြားကို နေရောင် ထိခိုက်မှုအား အမှန်တကယ် ကာကွယ်ပေးနိုင်ခြင်း မရှိကြောင်း အတည်ပြု ကြေညာ ခဲ့ကြသည်။

ထိုစဉ်က သုတေသီများက ထို Cream များအား အသုံးပြုခြင်းထက် အရိပ်အောက်တွင် နေခြင်းကသာ အကျိုးရှိကြောင်း ထောက်ခံခဲ့သည်။ သို့သော်လည်း ယခုအခါ အဆိုပါ Cream များသည် ကောင်းကျိုး မပေးရုံ မျှမက၊ ဆိုးကျိုးပါ ဖြစ်စေကြောင်း ဒေါက်တာခရစ်စတီယန် ဟူစတာနှင့် ပရော်ဖက်ဆာ ဗီဗီယန်ဟောင်းဝပ် တို့က ဖော်ထုတ် နိုင်ခဲ့သည်။

၎င်းတို့က Cream များတွင် ပါ၀င်သော တိုက်တေနီယမ် ဒိုင်အောက်ဆိုက် ဓာတ်ပေါင်းသည် ဦးနှောက်ကို ဆိုးဆိုးရွားရွား ထိခိုက် စေနိုင်ပြီး အယ်ဇိုင်းမားနှင့် ပါကင်ဆန် ရောဂါများ ဖြစ်လာစေနိုင်ကြောင်း သိပ္ပံနည်းကျ ဖော်ထုတ် နိုင်ခဲ့သည်။ ထို့အပြင် Cream များအတွင်း ပါ၀င်သော နာနိုမှုန်များ ကလည်း ကျန်းမာရေးကို ထိခိုက်စေကြောင်း ဒေါက်တာ ဟူစတာက ရှင်းပြ သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here