Black Eyed Peas ဖျော်ဖြေပွဲ မကြည့်ရှုရန် မလေးရှား ဘာသာရေး ခေါင်းဆောင်များ တိုက်တွန်း

alt

မလေးရှား နိုင်ငံတွင် ကျင်းပ ပြုလုပ်မည့် Black Eyed Peas အဖွဲ့၏ တေးဂီတ ဖျော်ဖြေပွဲသို့ မွတ်ဆလင်များ သွားရောက် ကြည့်ရှုမှု မပြုလုပ်ရန် မလေးရှား ဘာသာရေး ခေါင်းဆောင် များက တိုက်တွန်း ပိတ်ပင်နေကြသည်။

မလေးရှား တရားရုံး တခုက အသက် (၃၂)နှစ် အရွယ် ကိုယ်ဟန်ပြမယ် တဦးအား ဘီယာသောက်မှု အတွက် ကြိမ်ဒဏ်ပေးရန် စီစဉ်ခဲ့မှု အပေါ် ဘီယာ ကုမ္မဏီကြီး Guinness က လှောင်ပြောင် ရှုတ်ချ ခဲ့သဖြင့် အမေရိကန် အဆိုတော် အဖွဲ့ မလေးရှားတွင် လာရောက် ဖျော်ဖြေရန် Guinness က စပွန်ဆာ ပေးခဲ့ချိန်တွင် ယခုလို တုန့်ပြန်ရန် ဘာသာရေး ခေါင်းဆောင် များက တိုက်တွန်းကြခြင်း ဖြစ်သည်။

Guinness ၏ တည်ထောင်မှု နှစ်(၂၅၀)ပြည့် အခမ်းအနား အဖြစ် မလေးရှားတွင် ပြုလုပ်မည့် ဖျော်ဖြေပွဲ ကွန်ဆတ် အတွက် Are you a non-Muslim aged 18 years and above? ဆိုသော စာသားဖြင့် သရော်ကာ ကြော်ငြာခဲ့သဖြင့် မလေးရှား ဘာသာရေး ခေါင်းဆောင်များက မကျေနပ်ကြချေ။

မလေးရှား နိုင်ငံသည် လူဦးရေ (၂၇)သန်းကျော် နေထိုင်ပြီး (၅၅) ရာခိုင်နှုန်းမှာ မွတ်ဆလင်များ ဖြစ်ကြပြီး၊ မလေးရှား အခြေစိုက် Guinness ဌာနခွဲသည် (၂၀၀၈)ခုနှစ် အတွင်း တံဆိပ် အမျိုးမျိုးဖြင့် ဘီယာ ရောင်းချခဲ့ရာ ဒေါ်လာ(၃၄၀.၆)သန်း မြတ်စွန်း ခဲ့သည်။ Black Eyed Peas ဖျော်ဖြေပွဲအား မွတ်ဆလင်များ သွားရောက် ကြည့်ရှုခြင်း မပြုရန် နှိုးဆော်မှုကို မလေးရှား မွတ်ဆလင် ပါတီ (PAS) က ဦးဆောင် ပြုလုပ်နေခြင်း ဖြစ်သည်။

နိုင်ငံ၏ ဒုတိယ အကြီးဆုံး နိုင်ငံရေး ပါတီကြီး ဖြစ်သည့် PAS သည် မလေးရှား နိုင်ငံသို့ နိုင်ငံရပ်ခြားမှ ဖျော်ဖြေပွဲများ လာရောက် ကျင်းပတိုင်း ပြဿနာ ရှာလေ့ရှိပြီး ဘီယွန်းဆေး၊ ရီဟာနာ နှင့် အေဗရာလက်ဗန်းတို့ လာရောက်စဉ် ကလည်း ဖျော်ဖြေပွဲ ကျင်းပခွင့် မပြုရန် အစိုးရထံ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြ သေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here