မြန်မာ စစ်အစိုးရ နှင့် ဇင်ဘာဘွေ သူတော်ချင်းချင်း သတင်းလွေ့လွေ့ သံခင်းတမန်ခင်း

alt

ကမာ္ဘပေါ်တွင် နာမည်ဆိုးနှင့် ကျော်ကြားသော စစ်အာဏာရှင်နိုင်ငံ နှစ်ခု ဖြစ်သော မြန်မာနိုင်ငံ နှင့် အာဖရိက တိုက်မှ ဇင်ဘာဘွေ နိုင်ငံတို့ သံအမတ်ကြီးများ ထားရှိမည့်

သံခင်းတမန်ခင်း အဆင့်အား စတင်ပြီ ဖြစ်ကြောင်း စနေနေ့ထုတ် မြန်မာ့ အလင်း သတင်းစာတွင် ဖေါ်ပြထားသည်။

၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးစဉ် ကတည်းက နိုင်ငံပေါင်း ၉၈ နိုင်ငံတို့နှင့် သံတမန် အဆက်အသွယ် ရှိခဲ့ပြီး ယခုအခါ ဇင်ဘာဘွေနိုင်ငံနှင့် ဩဂုတ်လ (၂၇)ရက် နေ့မှ စတင်ကာ သံတမန် အဆက်အသွယ် ပြုလုပ်ပြီဟု သိရှိရသည်။

ယင်းကဲ့သို့ နှစ်နိုင်ငံ သံတမန် အဆက်အသွယ် ပြုလုပ် သဘောတူညီကြောင်းကို မြန်မာ သံအမတ်ကြီးနှင့် ဇင်ဘာဘွေ သံအမတ်ကြီးတို့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် သံတမန် စတင်ကြောင်း ကြာသာပတေးနေ့က လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။

မြန်မာ စစ်အစိုးရ နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန အချက်အလက်များအရ မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၃၀တွင် သံရုံးများ ထားရှိကာ နိုင်ငံများ၏ မြို့တော်များအပြင် အမေရိကန်နိုင်ငံ နယူးယောက်နှင့် ဆွစ်ဇာလန် နိုင်ငံ ဂျနီဗါတို့တွင် နောက်ထပ် တရားဝင် သံရုံး ထပ်မံ ထားရှိသည်၊ အထွေထွေ ကောင်စစ်ဝန် ရုံးများအား တရုတ်ပြည် – ဟောင်ကောင် နှင့် ကူမင်း တို့အပြင် အိန္ဒိယနိုင်ငံ ကလာကတ္တား တို့တွင် ၃နေရာ ထားရှိသည်။

ကမာ္ဘပေါ်ရှိ နိုင်ငံပေါင်း ၂၈နိုင်ငံမှ သံရုံးများ မြန်မာနိုင်ငံတွင် ထားရှိကာ တရုတ်နှင့် အိန္ဒိယနိုင်ငံများမှ ကောင်စစ်ဝန်ရုံးများကို ဒုတိယ အကြီးဆုံးမြို့ ဖြစ်သော မန္တလေးတွင် ထားရှိကာ ဆွစ်ဇာလန် သံရုံးသည် ရန်ကုန်တွင်ရှိနေ၍ ဘင်္ဂလားဒေ့ရှ် သံရုံးမှာ ရခိုင်ပြည်နယ် စစ်တွေ မြို့တွင် တည်ရှိနေခြင်းပင် ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here