စကားပြော မတတ်သဖြင့် မက်ဒေါနား တယောက် လှောင်ပြောင် ခံခဲ့ရ

alt

ဖျော်ဖြေပွဲ တခု အတွင်း စကားအပြော မတတ်ခဲ့သဖြင့် မက်ဒေါနား တယောက် အကြီးအကျယ် လှောင်ပြောင် ခံခဲ့ ရကြောင်း သိရှိရသည်။

ဩဂုတ်လ (၂၆)ရက် နေ့က ရိုမေးနီးယား နိုင်ငံ၊ ဘူခါရက် မြို့တွင် ဖျော်ဖြေပွဲ ပြုလုပ် ကျင်းပနေစဉ် ယခုလို ဖြစ်ရခြင်းဟု ဆိုသည်။

အသက် (၅၁)နှစ် အရွယ် Pop အဆိုတော်သည် သူမ၏ Sticky & Sweet ဖျော်ဖြေပွဲ အဖြစ် ဖျော်ဖြေ နေသည်ကို ပရိသတ် (၆၀၀၀၀) ကျော်က ဩဘာ ပေးနေ သော်လည်း (၂) နာရီကြာ ဖျော်ဖြေမှု၏ အလယ် ခန့်တွင် မက်ဒေါနားက ဂျစ်ပစီ များအား လူတန်းစား ခွဲခြား ဆက်ဆံမှု အတွက် ဆန့်ကျင်ကြောင်း ပြောကြား ခဲ့ရာမှ ယခုလို လှောင်ပြောင် ခံရခြင်း ဖြစ်သည်။

အိမ်ခြေရာမဲ့ လှည့်လည် သွားလာ နေသော ဂျစ်ပစီ လူတန်းစားများကို နော်မန်ဒစ် ဒေသတွင် ရိုမာ (သို့မဟုတ်) ရိုမေနီ များဟု အမည် ခေါ်လေ့ရှိပြီး မက်ဒေါနားက အရှေ့ ဥရောပတွင် ၎င်းတို့အား အတန်းအစား ခွဲခြား ဆက်ဆံနေမှု အတွက် မိမိ အလွန် ၀မ်းနည်းမိကြောင်း ကြွေးကြော်ခဲ့ရာမှ အလှောင်ခံရခြင်း ဖြစ်သည်။

AP သတင်းဌာန၏ အဆိုအရ မက်ဒေါနား၏ စကားအဆုံးတွင် ပရိသတ် ထောင်ပေါင်းများစွာက Boo ……… ! ဟု အော်ကာ လှောင်ပြောင် ရှုတ်ချကြပြီး အနည်းငယ် ကသာ အားပေးခဲ့ကြောင်း သိရှိရသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး ပရိသတ်တဦးက မက်ဒေါနားသည် Pop စတား တဦးသာဖြစ်ပြီး လူမှု ဆက်ဆံရေး ကျွမ်းကျင်ပညာရှင် တဦး မဟုတ်ကြောင်း၊ သူမ အနေနှင့် ကိုယ့်အလုပ်သာ ကိုယ်လုပ်သင့်ကြောင်း ဝေဖန် သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here