မိန်းမလျာ များကို အလိုမရှိဟု အီတလီ ဘောလုံးနည်းပြ ပြောကြား

alt

၎င်း၏ နိုင်ငံအမျိုးသား အသင်း လူစာရင်းတွင် မိန်းမလျာ (Gay) များကို အလို မရှိကြောင်း အီတလီ လက်ရွေးစင် အသင်း နည်းပြ မာဆယ်လို လစ်ပီ က ပြောကြား လိုက်သည်။

ဩဂုတ်လ (၂၇)ရက် နေ့က အီတလီ သတင်းများတွင် ဖော်ပြမှုအရ လစ်ပီ သည် လိင်တူ ဆက်ဆံသော ဘောလုံးသမား များကို နိုင်ငံ လက်ရွေးစင် အသင်း အတွက် ရွေးချယ်ရန် ဆန္ဒမရှိဟု ပြောဆို လိုက်ကြောင်း သိရှိရသည်။

ကလော့ကွန် ဒီဆီယို ရုပ်မြင်သံကြား အစီအစဉ်နှင့် အင်တာဗျူးတွင် လစ်ပီက ယခုလို ပြောကြားခဲ့ခြင်း ဖြစ်ပြီး တိုင်းပြည်အတွက် ကိုယ်စားပြုနေသော ကစားသမား (၁၁) ဦးတွင် Gay တယောက်ယောက် ပါ၀င်နေခြင်းကို လုံးဝ လက်မခံနိုင်ဟု ဆိုသည်။

ထို့အပြင် ထိုသို့သော လိင်တူ ဆက်ဆံသူများ ပါလာပါက အသင်းအတွင်း မလိုလားအပ်သည့် ပြဿနာများ ဖြစ်လာနိုင်ကြောင်း လစ်ပီက သုံးသပ်ခဲ့သည်။ လစ်ပီ၏ ပြောစကားသည် Gay ဆန့်ကျင်ရေး အကြမ်းဖက်မှု အချို့ ပေါ်ပေါက်နေသော အီတလီ နိုင်ငံအတွင်း ပိုမိုအခြေအနေ ဆိုးရွားလာမည်ကို အချို့က စိုးရိမ်နေပြီး မကြာသေးမီကမှ ရောမမြို့တွင် Gay စုံတွဲတတွဲအား တိုက်ခိုက်မှုများ ဖြစ်ပေါ် ခဲ့သေးသည်။

Gay များသည် လိင်တူ ဆက်ဆံရေးအား တရားဝင် ခွင့်ပြုရန် တောင်းဆိုရာမှ ရောမတွင် Gay ဆန့်ကျင်ရေး စိတ်ဓာတ်များ နိုးကြားနေခြင်း ဖြစ်သည်။ Gay အခွင့်အရေးအဖွဲ့ Arcigay ၏ ပြောရေးဆိုခွင့်ရ Gay တဦးက လစ်ပီ၏ ပြောစကားသည် တရား လက်လွတ်နိုင်ပြီး လူ့ အဖွဲ့အစည်းအား ထိခိုက် စေနိုင်ကြောင်း ရှုတ်ချ ဝေဖန်လိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here