Google Earth ဓာတ်ပုံတွင် လျှို့ဝှက် ဆန်းပြားသည့် သတ္တဝါ တကောင်ပုံ တွေ့ရှိရ

alt

Google Earth မှ မှတ်တမ်းတင် ရိုက်ကူးလိုက်သည့် ဓာတ်ပုံ တခု အတွင်း စကော့တလန် နိုင်ငံ၊ လော့ချ်နက် ရေအိုင်မှ လော့ချ်နက် သတ္တဝါကြီးဟု ယူဆရသော ပုံရိပ်ကို မှတ်တမ်း တင်နိုင်ခဲ့ကြောင်း သိရှိ ရသည်။

ဒိုင်နိုဆော မျိုးစိတ် လက်ကျန် သတ္တဝါကြီးဟု ယူဆရပြီး လျှို့ဝှက် ဆန်းပြားလှသော အကောင်ကြီးအား အချို့ကလည်း နက်ဆီဟု အမည် ပေးထားကာ ထိုအကောင်ကြီး ရှင်သန်နေသည် ဆိုသော ယူဆချက်မှာ Google Earth ကြောင့် ပိုမို ခိုင်မာလာခဲ့သည်။

ရေချို အိုင်ကြီးဖြစ်သော လော့ချ်နက်တွင် အဆိုပါ ထူးဆန်းသော သတ္တဝါကြီး ယနေ့တိုင် ရှင်သန်နေကြောင်း ပညာရှင်များက ယုံကြည် နေခဲ့ရာမှ ဩဂုတ်လ (၂၇)ရက် နေ့က Google ၏ Street View ကင်မရာများက မှတ်တမ်း တင်ခဲ့ရာတွင် ထင်ဟပ်နေသော ပုံရိပ်ကြောင့် နက်ဆီ၏ ဒဏ္ဍာရီမှာ ပိုမို အသက်ဝင် လာခဲ့သည်။

နက်ဆီသည် တကမာ္ဘလုံး၏ အာရုံစိုက်မှုကို (၁၉၃၃) ခုနှစ်က စတင်ရရှိခဲ့ပြီး နှစ်စဉ်နှစ်တိုင်း လေ့လာသူ များစွာတို့သည် ၎င်းအားတွေ့ မြင်ခွင့်ရရန် လော့ချ်နက်သို့ လာရောက် လေ့ရှိသော်လည်း ကန်ကြီး၏ အပြောကျယ်မှုနှင့် သတ္တဝါကြီးအား တွေ့မြင်ရန် ခဲယဉ်းမှု တို့ကြောင့် အချို့က လိမ်လည် လှည့်ဖျားမှုသာ ဖြစ်ကြောင်း ယုံကြည် ခဲ့ကြသည်။

သို့သော်လည်း Google ၏ မြောက်လတ္တီကျု (၅၇) ဒီဂရီ (၁၂) မိနစ်နှင့် (၅၂) ဒီဂရီ (၁၃) မိနစ်အတွင်း၊ အနောက်လောင်ဂျီကျု (၄) ဒီဂရီ (၃၄) မိနစ်နှင့် (၁၄) ဒီဂရီ (၁၆) မိနစ်ကြား မှတ်တမ်း ဓာတ်ပုံပါ မီတာ(၂၀)ရှည်သည့် သတ္တဝါကြီး၏ ပုံရိပ်ကြောင့် ဒွိဟ ဖြစ်စရာများ ပေါ်ပေါက်နေကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here