ရှီးယိုက် ခေါင်းဆောင်၏ ရုပ်အလောင်း အီရတ်သို့ ပြန်လည်ရောက်ရှိ

alt

အီရန် နိုင်ငံတွင် ကွယ်လွန် ခဲ့သော အီရတ်နိုင်ငံမှ ရှီးယိုက် လူမျိုးစု ခေါင်းဆောင် အက်ဘဒူ အာဇစ် အယ်ဟာကင် ၏ ရုပ်အလောင်းသည် ဩဂုတ်လ (၂၈)ရက် နေ့က အမိမြေ အီရတ်သို့ ပြန်လည် ရောက်ရှိ လာပြီ ဖြစ်သည်။

၀န်ကြီးချုပ် နော်ရီ အယ်မာ လီကီ နှင့် အခြားသော ဘာသာရေး၊ နိုင်ငံရေး ခေါင်းဆောင် များသည် ဟာကင်အား ထည့်သွင်းထားသည့် ခေါင်းတလားအား လေဆိပ်တွင် လာရောက် ဂါရဝ ပြုခဲ့ကြပြီး၊ ထို လေယာဉ်သည် ဟာကင် တယောက် အဆုပ် ကင်ဆာဖြင့် ဩဂုတ်လ (၂၆)ရက် နေ့က ကွယ်လွန်ခဲ့သည့် အီရန် နိုင်ငံမှ ပျံသန်း ရောက်ရှိလာခြင်း ဖြစ်သည်။

ဟာကင်အား ရှီးယိုက် တို့၏နယ်မြေသို့ သယ်ဆောင်မည် ဖြစ်ပြီး (၂)ရက်ကြာ ဈာပန အခမ်းအနား ကျင်းပမည် ဖြစ်သည်။

ဟာကင်သည် ဆာဒမ်ဟူစိန် အစိုးရ မပြုတ်ကျမီက အနှစ်(၂၀)ကျော် ပြည်ပသို့ တိမ်းရှောင် ခိုလှုံနေခဲ့ရပြီး အီရတ် နိုင်ငံ၏ ဩဇာအကြီးဆုံး လူမျိုးစု ခေါင်းဆောင် တဦးအဖြစ် သတ်မှတ် ခံထားရသည်။ ဟာကင်၏ အလောင်းကို တောင်ပိုင်းရှိ မြင့်မြတ်သော ဘာသာရေး မြို့တော် နာဂျက်တွင် မြှုပ်နှံ သဂြင်္ိုဟ်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here