ဇင်ဘာဘွေ သမတ မူဂါဘီ၏ ကျန်းမာရေး သတင်းအား မမှန်ကန်ဟုဆို

alt

ဇင်ဘာဘွေ သမတကြီး ရောဘတ်မူဂါဘီ ၏ ကျန်းမာရေး အခြေအနေ ဆိုးရွားနေကြောင်း ခန့်မှန်း ဖော်ပြမှုများသည် အခြေအမြစ် လုံးဝ မရှိသည့် အမှိုက်သရိုက် များသာ ဖြစ်ကြောင်း

ဇင်ဘာဘွေ ကာကွယ်ရေး ၀န်ကြီး အမ်မာဆန် အမ်နန်ဂါဂွာက ပြောကြား လိုက်သည်။

ထို့အပြင် သမတကြီး ဒူဘိုင်းသို့ သွားရောက်ကာ ဆေးကုနေသည် ဆိုသော သတင်းများ အတွက် မှတ်ချက် ပေးစရာ မလိုပါဟုလည်း ၀န်ကြီးက ဆိုသည်။

၎င်းက မိမိတို့သည် သတင်းစာများတွင် ရေးသား နေသမျှကို ဖတ်ရှုရကြောင်း၊ ထို သတင်းများသည် အမှန် မဟုတ်သလို ထိုအတွက်လည်း မည်သည့် မှတ်ချက်မှ ပေးလိုခြင်း မရှိကြောင်း တောင်အာဖရိက သတင်းဌာန တခု၏ တွေ့ဆုံ မေးမြန်းမှုကို ဖြေကြားသွားသည်။

သို့သော်လည်း အသက် (၈၅)နှစ်ရှိ မူဂါဘီသည် ဇင်ဘာဘွေတွင် မရှိဘဲ ပြည်ပ နိုင်ငံတခုသို့ ရောက်ရှိ နေကြောင်းကိုမူ အမ်နန်ဂါဂွာ က ၀န်ခံ ခဲ့သည်။ ကမာ္ဘ့နိုင်ငံ ခေါင်းဆောင်များ အနက် အဆိုးသွမ်းဆုံး သူအဖြစ် စာရင်းပေါက်နေသည့် မူဂါဘီသည် ဩဂုတ်လ (၂၅)ရက် နေ့က ၎င်း၏ ဇူနာပါတီမှ ထိပ်တန်း ပုဂ္ဂိုလ်တဦး၏ ဈာပနသို့ တက်ရောက်နိုင်ခြင်း မရှိခဲ့ရာ ၎င်း၏ ကျန်းမာရေး ဆိုးရွားနေပြီဟု ခန့်မှန်း ဖော်ပြခဲ့ကြခြင်း ဖြစ်သည်။

မူဂါဘီသည် တောင်အာဖရိက သမတ ဂျက်ကော့ဇူးမား နှင့် ဩဂုတ်လ (၂၇)ရက် နေ့တွင် တွေ့ဆုံရန် စီစဉ် ထားကြောင်းလည်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here