ဗြိတိန် အင်တာနက် စနစ်အတွက် အန္တရာယ် အပေးနိုင်ဆုံး Celebrity

alt

ကေတီ ပရိုက်စ် (ဂျော်ဒန်) သည် ဗြိတိန် နိုင်ငံ၏ အင်တာနက် စနစ်တွင် အန္တရာယ် အပေးနိုင်ဆုံး Celebrity အဖြစ် ဆိုင်ဘာ လုံခြံုရေး တာဝန် ရှိသူများက အတည်ပြု ပြောကြား လိ်ုက်သည်။

အဘယ်ကြောင့် ဆိုသော် အဆိုပါ ဗြိတိသျှ မော်ဒယ်၏ အရှုပ်အထွေး ဇာတ်လမ်း များသည် အင်တာနက် အတင်းအဖျင်း ၀ဘ်ဆိုဒ်များ၏ သည်းခြေကြိုက် ဇာတ်လမ်းများ ဖြစ်နေပြီး လူအများအပြားက ၀င်ရောက် ဖတ်ရှု နေသဖြင့် သူမ၏ သတင်း အယောင်ဆောင်ကာ ဆိုင်ဘာ ထောင်ချောက်များ ပြုလုပ်ရန် အခြေအနေ အများဆုံး ဖြစ်နေသောကြောင့်ဟု သိရှိရသည်။

ကေတီသည် ပီတာအန်ဒရီ နှင့် လမ်းခွဲပြီး အဲလက်(စ်)ရိဒ် နှင့် ဇာတ်လမ်း ဖြစ်နေရာ ထိုကိစ္စကို အတင်းအဖျင်း သတင်း ဌာနများက အသားပေး ဖော်ပြကြသလို အဖျက် Hacker များအတွက်လည်း ဆိုင်ဘာ ရာဇဝတ်မှုများ ကျူးလွန်နိုင်သည့် အယောင်ဆောင် Link များဖြင့် ထောင်ချောက်ဆင်ရန် အကောင်းဆုံး အခြေအနေ ဖြစ်လာခဲ့သည်။

အထူးသဖြင့် ကေတီအကြောင်း သတင်း Link များကို Spyware တမျိုး Download လုပ်မိစေရန် ထောင်ချောက် ဆင်ထားပြီး ထို Link ကို နှိပ်မိပါက ကွန်ပျူတာအတွင်း သိမ်းဆည်းထားသည့် အချက်အလက်များကို ဖောက်ထွင်း ခံရနိုင်မည့် ပြဿနာမျိုး ရှိနေကြောင်း နာမည်ကျော် ကွန်ယက် လုံခြံုရေး ကုမ္မဏီကြီး McAfee က သတိပေး ပြောဆိုသွားသည်။

McAfee မှ ကောက်ယူသော စစ်တမ်းအရ အင်တာနက် လုံခြံုရေး အတွက် ဒုတိယ အခြိမ်းခြောက်နိုင်ဆုံး Celebrity များမှာ ဂျုလော နှင့် ဗစ်တိုးရီးယား ဘက်ခမ်း တို့ ဖြစ်ကြကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here