လက်စကော့ အား ရောင်းချခဲ့ခြင်း အပေါ် အဲဗာတန် နောက်ခံလူ ဝေဖန်

alt

ဂျိုလီယွန် လက်စကော့ အား ဆုံးရှုံး လိုက်ရခြင်းသည် အသင်းအတွက် ကြီးမားသော နစ်နာမှုတခု ဖြစ်လာကြောင်း အဲဗာတန် နောက်ခံလူ တိုနီဟစ်ဘတ် က ဝေဖန် လိုက်သည်။

အသက် (၂၇)နှစ်ရှိ အင်္ဂလန် လက်ရွေးစင် ခံစစ်မှူး လက်စကော့ သည် မန်ချက်စတာ စီးတီးသို့ ပေါင် (၂၂)သန်းဖြင့် ပြောင်းရွှေ့ ရောက်ရှိ သွားပြီဖြစ်သည်။ လက်စကော့ ကဲ့သို့ ကစားသမား ကောင်းကို ဆုံးရှုံး လိုက်ရခြင်းသည် အသင်း၏ ခံစစ် ဧရိယာတွင် သိသိသာသာ အားနည်း သွားစေ လိမ့်မည်ဟု ဟစ်ဘတ်က သတိ ပေးခဲ့သည်။

ထို အနေအထားသည် အဲဗာတန်၏ အမှတ်ပေး ဇယား ထိပ်ဆုံး (၄)သင်းတွင် ပါ၀င်ရေး မျှော်လင့်ချက် အတွက် ထိခိုက်မှုများ ဖြစ်ပေါ် လာစေနိုင်ကြောင်း ဟစ်ဘတ်က ၀န်ခံခဲ့သည်။

အထူးသဖြင့် လက်စကော့ ကဲ့သို့ အဆင့်အတန်းရှိ နောက်ခံလူမျိုး ထပ်ရရန် မလွယ်တော့ပါဟု ဟစ်ဘတ် က ဆိုသည်။ လက်စကော့သည် စီးတီးသို့ ဩဂုတ်လ (၂၇)ရက် နေ့က အပြီးသတ် ပြောင်းရွှေ့ခဲ့ပြီး ကျောနံပါတ် (၁၉)အင်္ကျီကို ၀တ်ဆင်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here