ကွယ်လွန်သူ အက်ဒွပ် ကနေဒီ အတွက် သမတ အိုဘားမား ဝမ်းနည်းစကားဆို

alt

အမေရိကန် သမတကြီး ဘားရက် အိ်ုဘားမား က မိမိအနေနှင့် ကွယ်လွန် သွားရှာပြီ ဖြစ်သော လွှတ်တော်အမတ် အက်ဒွပ် ကနေဒီ အား ကျေးဇူးလည်းတင်၊ နှုတ်လည်း ဆက်လိုက်ပါကြောင်း ၀မ်းနည်းစကား ပြောကြား ခဲ့သည်။

အမေရိကန် ၏ သမာသမတ် အကျဆုံး အမတ်တဦး အဖြစ် ထင်ရှားသည့် ကနေဒီသည် ဩဂုတ်လ (၂၅)ရက်နေ့၊ ညနက်ပိုင်းက အသက် (၇၇)နှစ် အရွယ်တွင် ဦးနှောက် ကင်ဆာရောဂါဖြင့် ကွယ်လွန် ခဲ့သည်။

အိုဘားမားက မက်ဆာချူးဆက် ပြည်နယ် ကိုယ်စားပြု အမတ်မင်း ကွယ်လွန်ခြင်း သည် အမေရိကန် ပြည်သူ သန်းပေါင်း များစွာ၏ ဆုံးရှုံးမှု တရပ်လည်း ဖြစ်ကြောင်း ၀မ်းနည်း သဝဏ်လွှာတွင် ထည့်သွင်း ဖော်ပြ လိုက်သည်။

ကနေဒီသည် ယခုနှစ် အစောပိုင်းက မကျန်းမမာဖြစ်၍ ဆေးရုံ တင်ရစဉ်က ကွယ်လွန်ပြီ ဟူသော သတင်းမှားများ ထွက်ပေါ် ခဲ့သေးသည်။ ၎င်း သေဆုံးကြောင်း ကြားသိချိန်တွင် ကမာ္ဘ့နိုင်ငံ အသီးသီးမှ ခေါင်းဆောင်များက ၀မ်းနည်းကြောင်း သဝဏ်လွှာများ ပေးပို့ ခဲ့ကြသလို လွှတ်တော် အတွင်းရှိ နိုင်ငံရေး သမားများ ကလည်း ကြေကွဲကြောင်း တလေးတစား ပြသခဲ့ကြသည်။

အိုဘားမား က အမတ်မင်းသည် ၎င်း၏ အစ်ကိုများ ဖြစ်သော ဂျွန်ကနေဒီ နှင့် ရောဘတ် ကနေဒီ တို့နည်းတူ နိုင်ငံအား အကျိုးပြု ခဲ့ကြောင်း၊ ၎င်း၏ စွမ်းဆောင်မှုများ အတွက် ကျေးဇူး တင်နေမိသလို ယခုအခါ နှုတ်ဆက် စကားသာ ပြောခွင့်  ရတော့သည့် အတွက် ၀မ်းနည်းမိကြောင်း ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here