နယ်စပ် ခြံစည်ရိုး ဖြတ်တောက် နေသူများအား မက္ကစီကို ရဲတပ်ဖွဲ့ ဖမ်းဆီး

alt

နယ်စပ် ခြံစည်းရိုးကို ဖြတ်တောက်ပြီး ရောင်းချရန် ကြိုးပမ်းခဲ့သူ များအား မက္ကစီကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း သိရှိရသည်။

တီဟွားနားမြို့ ရဲတပ်ဖွဲ့က အမေရိကန်နှင့် မက္ကစီကို နိုင်ငံကြား နယ်နိမိတ် သတ်မှတ်ထားသော စည်းရိုးကို ဖြတ်တောက်နေသူ (၆)ဦး အား လက်ရ ဖမ်းဆီးနိုင်ခဲ့ကြောင်း ဩဂုတ်လ (၂၇)ရက် နေ့က ကြေညာခဲ့သည်။

တာဝန် ရှိသူများက နယ်နိမိတ် စည်းရိုးကို ဖြတ်တောက်ပြီး အမေရိကန်သို့ ၀င်ရောက်မှုများ ယခင်က ရှိခဲ့သော်လည်း လက်ရှိ အနေအထားတွင် အမေရိကန်၏ စီးပွားရေး ကျဆင်းမှုနှင့် တရားမဝင် ဖြတ်သန်း ရောက်ရှိလာသ ူများအား ပြင်းထန်စွာ အရေးယူမှု တို့ကြောင့် ထိုသို့ ဖြတ်ကျော်သူ နည်းပါးကြောင်း ပြောကြားခဲ့သည်။

သို့သော်လည်း ယခု (၆)ဦးမှာ အမေရိကန်သို့ ၀င်ရောက်ရန် ရည်ရွယ်ခြင်း မဟုတ်ဘဲ ခြံစည်းရိုးများကို သတ္တု အဝယ်ဆိုင်တွင် ရောင်းချရန် ရည်ရွယ်နေကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ဆိုသည်။

ဖမ်းဆီး ခံရသူများ အနက် တဦးမှာ မက္ကစီကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ပြီး ကျန်သူများမှာ ခြံစည်းရိုးများ ဖြတ်တောက်နေစဉ် အမေရိကန် နယ်ခြားစောင့် ကင်းလှည့် တပ်ဖွဲ့နှင့် တည့်တည့် တိုးမိခြင်း ဖြစ်သည်။ မက္ကစီကို ရဲတပ်ဖွဲ့က ထိုသူများ အားလုံးကို တရားရုံးတွင် စွဲချက်တင် သွားမည်ဟု အတည်ပြု ပြောဆိုထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here