အမေရိကန် အလုပ် လက်မဲ့ဦးရေ ပြန်လည် လျော့ကျလာ

alt

အမေရိကန် ၏ အစိုးရ စစ်တမ်းများက ကမာ္ဘ့ စီးပွားပျက်ကပ် စတင်ပြီး နောက်ပိုင်း ယခု သီတင်းပါတ်တွင် ပထမဆုံး အကြိမ် အလုပ် လက်မဲ့ဦးရေ ပြန်လည် လျော့ကျလာကြောင်း စစ်ဆေး တွေ့ရှိခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လက မော်တော်ယာဉ်၊ နေအိမ်နှင့် ဆက်စပ် ပစ္စည်းများ ရောင်းဝယ်မှု လုပ်ငန်းတွင် လုပ်သားဦးရေ အနည်းဆုံး အခြေအနေ အထိ စံချိန်တင် လျော့ကျ ခဲ့သော်လည်း ယခု စစ်တမ်းကြောင့် အားတက်စရာ ဖြစ်လာ ရသည်။

ဝေါစထရိမှ စီးပွားရေး ကျွမ်းကျင် ပညာရှင်များက ပထမဆုံး အကြိမ်အဖြစ် အလုပ်ဖြုတ် ခံရသူ အရေအတွက်သည် ပျမ်းမှ (၅၇၆၀၀၀) မှ (၅၆၅၀၀၀) အထိ ကျဆင်းလာကြောင်း အတည်ပြုခဲ့သည်။

ထို့အပြင် ထို အနေအထားသည် တိုးတက်မှုများ ဆက်လက် ရရှိနေမည် ဟုလည်း ပညာရှင်များက ယုံကြည်နေသည်။ ယခုလ အစောပိုင်း ကလည်း အမေရိကန် အစိုးရက ဇူလိုင်လ နှောင်းပိုင်းမှ စပြီး စီးပွားရေး ကျဆင်းနေမှုသည် အရှိန်အဟုန် လျော့ကျလာကြောင်း အတည်ပြုခဲ့သည်။

ဩဂုတ်လ (၂၆)ရက် နေ့က ထုတ်ပြန်သော စစ်တမ်းများ အရ စီးပွားရေး အခြေအနေသည် ဇွန်လက အဆိုးဆုံး ကျဆင်းခဲ့သည့် ပမာဏထက် (၁၀) ရာခိုင်နှုန်းမျှ  ပြန်လည် ဦးမော့လာကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here