တိုင်ဝမ်သို့ ဘုန်းတော်ကြီး ဒလိုင်းလားမား လာရောက်မည်ဟု ကြေညာ

alt

တရုတ် အစိုးရ၏ မဟာ ရန်သူသဖွယ် သတ်မှတ်ခြင်း ခံထားရသော ဘာသာရေး ခေါင်းဆောင် ဒလိုင်းလားမား ကိုယ်တော်ကြီး လာရောက်မည် ဖြစ်ကြောင်း တိုင်ဝမ်က အံ့အားသင့်ဖွယ် ကြေညာ လိုက်သည်။

ဩဂုတ်လ (၂၇)ရက် နေ့က တိုင်ဝမ်သမတ မာရင်ဂျူ ထုတ်ပြန် လိုက်သော ကြေညာချက်သည် တရုတ် အစိုးရ၏ ဒေါသ အမျက်ကို အကဲစမ်း လိုက်ခြင်း ဖြစ်နိုင်ကြောင်း လေ့လာသူ များကဆိုသည်။

ကိုယ်တော်ကြီးသည် မိုရာကော့ မုန်တိုင်းကြီး၏ ဒဏ်ကို အလူးအလဲ ခံစားရသော ကျွန်းနိုင်ငံမှ မုန်တိုင်းဒဏ်သင့် ပြည်သူများအား အားပေး ကူညီရန် ရောက်ရှိ လာခြင်းဖြစ်သည်။ မိုရာကော့ တိုင်ဖွန်း မုန်တိုင်းကြီးသည် ဩဂုတ်လ (၈)ရက် နှင့် (၉)ရက် နေ့များက တိုင်ဝမ်ကို ၀င်ရောက် တိုက်ခတ်သွားရာ အနည်းဆုံး လူပေါင်း (၆၇၀)ကျော် သေဆုံးခဲ့ရသည်။

ယခုကဲ့သို့ ဒလိုင်းလားမား ကိုယ်တော်ကြီး လာရောက်ခဲ့မှုမှာ သမတ မာ၏ ဖိတ်ကြားမှုကြောင့် ဖြစ်ပြီး ၎င်းသည် တရုတ် အစိုးရ၏ ဩဇာခံ မျှသာဖြစ်ကြောင်း အတိုက်အခံ များ၏ စွပ်စွဲနေမှုများကို ဆွံ့အ သွားစေခဲ့သည်။

ဒလိုင်းလားမား ကိုယ်တော်ကြီးသည် တိဘက်ဒေသ လွတ်မြောက်ရေး အတွက် ဆောင်ရွက်ခဲ့မှုကြောင့် တရုတ် အစိုးရ၏ မျက်မုန်းကျိုးမှုကို ခံနေရပြီး၊  တိဘက်နှင့် တိုင်ဝမ် တို့သည် တူညီသော သမိုင်းကြောင်းရှိပြီး ထိုဒေသ နှစ်ခုလုံးက ကိုယ်ပိုင် လွတ်လပ်မှုကို ကြေညာ လိုသော်လည်း တရုတ် နိုင်ငံက ထိုဒေသများကို လက်အောက်ခံ ပြည်နယ်အဖြစ် သတ်မှတ် ထားလိုကြောင်း သဘောထားများ ရှိကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here