စွန့်စားလိုသော အမျိုးသမီးများ လိင် စိတ်ပြင်းထန်

alt

စွန့်စား လိုစိတ်ရှိသော အမျိုးသမီး များသည် လိင်မှု ကိစ္စတွင် ပိုမိုပြင်းပြစွာ ဆောင်ရွက် လိုစိတ် ရှိကြောင်း သိရှိ ရသည်။

ရှီကားဂိုး တက္ကသိုလ်မှ ပညာရှင် များသည် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ အယောက် (၅၀၀) ၏ တံတွေးမှ တဆင့် လိင်မှု အာရုံကို လှုံ့ဆော်ပေးသော Testosterone ပမာဏကို တိုင်းတာ မှတ်သားခဲ့ရာ လိင်ဆိုင်ရာ ဆန္ဒပြင်းပြ သည့် အမျိုးသမီး များသည် အများအားဖြင့် လောင်းကစား ဆန်ဆန် စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင် တတ်သူများ ဖြစ်နေသည်ကို တွေ့ရှိ ခဲ့ရသည်။

ပညာရှင်များက လူတဦး ( အထူးသဖြင့် အမျိုးသမီး တဦး ) ၏ လိင်မှု စွမ်းရည်သည် အလုပ်အကိုင်၊ ငွေကြေး အခြေအနေ နှင့် ဆက်စပ်လေ့ ရှိကြောင်း ဖော်ပြခဲ့သည်။

ထီထိုးခြင်း ကဲ့သို့ ကံစမ်းမှုမျိုး နှင့် သေမြေကြီး၊ ရှင်ရွှေထီး စွန့်စားရသော အလုပ်အကိုင် များကို ခုံမင်လေ့ ရှိသည့် အမျိုးသမီးများ၏ Testosterone မှာ အမြင့်ဆုံး အနေအထား ရောက်ရှိ နေတတ်သလို ထို အမျိုးသမီးများသည် လိင်မှု ကိစ္စတွင်လည်း အရဲကိုး ဆောင်ရွက်မှုများ ပြုလုပ်လေ့ ရှိကြောင်း ပညာရှင်များက ဆိုသည်။

ရှီကားဂိုး တက္ကသိုလ်မှ ပါမောက္ခ ဒါရီယို မာစထရီပီရီ က အမျိုးသမီးတဦး၏ လုပ်ရဲကိုင်ရဲ၊ ဆုံးဖြတ်ရဲသော စိတ်သည် လိင်မှု ဘဝတွင်ပါ အကျံုးဝင် နေလေ့ရှိပြီး လိင်ဆိုင်ရာ စွမ်းဆောင်မှုကို ဖော်ဆောင်သည့် Testosterone ကို အမြင့်မားဆုံး တွန်းတင် ပေးတတ်ကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here