ဗြိတိန် နိုင်ငံတွင် ဗီဒီယို ဇာတ်ကာ းရောင်းချမှု ဥပဒေပြောင်းလဲ

alt

ဗြိတိန် အစိုးရသည် နို်င်ငံအတွင်း အရွယ် မရောက်သေးသူ ကလေးငယ်များ မဖွယ်မရာ ဗီဒီယို ဇာတ်ကားများ ၀ယ်ယူခြင်းကို ခွင့်ပြု ရတော့မည် ဖြစ်သည်။

လွန်ခဲ့သော (၂၅)နှစ် က ပြဌာန်းထားသည့် အားနည်းသော မူဝါဒ တခုကို ထောက်ပြကာ ဗြိတိန် ဖျော်ဖြေရေး ကုမ္မဏီကြီး (BERA) က အရေးဆို ခဲ့ပြီးနောက် (၃)လ အကြာတွင် အဆိုပါ ခွင့်ပြုချက်ကို စတင် ရတော့မည်ဟု အစိုးရ ရှေ့နေများက ဆိုသည်။

(၁၉၈၄) ခုနှစ်က ဥရောပ ကော်မရှင်၏ VRA(1984) ခုနှစ် အက်ဥပဒေကို ရှာဖွေ တွေ့ရှိ သွားပြီးနောက် ဖျော်ဖြေရေး ကုမ္မဏီများအား တားဆီးရန် ခက်ခဲသွားကြောင်း အစိုးရ ရှေ့နေများက ၀န်ခံခဲ့ကြသည်။ ဗြိတိန်၏ ဥပဒေအရ ရာစုနှစ် တခု ပြောင်းလဲသွားသော ပြဌာန်းချက် သည် အကြံုး မဝင်တော့ သော်လည်း ဥရောပ ယူနီယံ အဖွဲ့ဝင် နိုင်ငံတခု ဖြစ်နေခြင်းကြောင့် ထိုစည်းမျဉ်းကို ငြင်းပယ်၍ မရချေ။

ထို့ကြောင့်လည်း ဗြိတိန်တွင် ဗီဒီယို ဇာတ်ကားများ ဖြန့်ဖြူးနေမှု၏ (၉၀) ရာခိုင်နှုန်းခန့်ကို လက်ဝါးကြီး အုပ်ထားသည့် BERA အတွက် ဗီဒီယို ဇာတ်ကားများ ရောင်းချရာတွင် ပိုမို လွတ်လပ်စွာ စိတ်တိုင်းကျ ဆောင်ရွက် နိုင်တော့မည် ဖြစ်သည်။

ဗြိတိန် ယဉ်ကျေးမှုနှင့် ကမာ္ဘလှည့် ခရီးသွားလုပ်ငန်း ၀န်ကြီးဖြစ်သူ ဘာဘရာ ဖောလက်က ထိုကိစ္စအား ခွင့်ပြုရန် ခက်ခဲသော်လည်း ဥပဒေ အားနည်းချက်အား ထောက်ပြပြီး အခွင့်ကောင်း ယူသွားသဖြင့် လက်ခံ လိုက်ရကြောင်း၊ သို့သော်လည်း ဖြစ်နိုင်ချေ တခုခု ရှာဖွေကာ ကလေးများ အနေနှင့် မဖွယ်မရာ ဇာတ်ကားများ ၀ယ်ယူနိုင်ခြင်း မရှိအောင် တားဆီးရန် စဉ်းစားနေကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here