ပါကစ္စတန် တာလီဘန် ခေါင်းဆောင် သေဆုံးပြီဟု အတည်ပြုကြေညာ

alt

အမေရိကန် နှင့် ပါကစ္စတန် အစိုးရများ ကြေညာထားသည့် အတိုင်း ၎င်းတို့၏ အကြီးအကဲ ဘေတူလာ မာဆက်မှာ ကွယ်လွန်ခဲ့ပြီ ဖြစ်ကြောင်း ပါကစ္စတန် တာလီဘန် အဖွဲ့ ခေါင်းဆောင်ပိုင်းက ပထမဆုံး အကြိမ် အတည်ပြု ကြေညာ ခဲ့သည်။

ဩဂုတ်လ (၂၆)ရက် နေ့က တာလီဘန် စစ်သွေးကြွ တို့၏ ထုတ်ပြန်ချက် အတွင်း ဆွက် တောင်ကြားတွင် အပြန်အလှန် တိုက်ခိုက်ခဲ့သော စစ်ပွဲများ ဆင်နွှဲနေစဉ်က မာဆက် သည်လည်း ကျဆုံး သွားကြောင်း ပါရှိသည်။

ထိုစဉ်က စစ်သွေးကြွတို့၏ အလောင်း အများအပြားကို ပါကစ္စတန် စစ်တပ်က တွေ့ရှိခဲ့ပြီး ၎င်းတို့အနက် မာဆက်လည်း ပါရှိကြောင်း ကြေညာ ခဲ့သေးသည်။ သို့သော်လည်း ထိုစဉ်က တာလီဘန် တို့ဘက်မှ ထိုသတင်းကို အတည်ပြုရန် ငြင်းဆန် ခဲ့သည်။

ပါကစ္စတန် တပ်မတော်က တာလီဘန်တို့ သိမ်းပိုက်ထားသည့် ဆွက် တောင်ကြားကို ပြန်လည် သိမ်းယူစဉ် မာဆက်မှာ ထိုဒေသခံ များ၏ ဒေါသတကြီး လက်တုန့် ပြန်မှုကြောင့် သေဆုံးခဲ့သည် ဆိုသော သတင်းများ ကိုမူ ငြင်းဆန် ထားခဲ့သည်။ စစ်တပ်၏ ကြေညာချက်တွင် ဩဂုတ်လ (၅)ရက် နေ့က မာဆက် သေဆုံးသွားခြင်းမှာ အမေရိကန်တို့ ပစ်ခတ်ခဲ့သည့် ဒုံးကျည်ကြောင့်သာ ဖြစ်ကြောင်း ဖြေရှင်း ထားသည်။

သတင်းများ အရ မာဆက် သေဆုံးကြောင်း အတည်ပြု ပြီးသည့်နောက် ပါကစ္စတန် တာလီဘန် အကြမ်းဖက်သမား များသည် နောက်ထပ် ခေါင်းဆောင်သစ် တဦး ရွေးချယ်ကာ အင်အား ပြည်လည် ဖြည့်တင်းမှုများ ပြုလုပ်ရန် စီစဉ်နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here