မိုရာကော့တ် နောက်ဆက်တွဲ ကူးစက်ရောဂါများ တားဆီးရန် ထိုင်ဝမ် ကြိုပမ်း

alt

မိုရာကော့ မုန်တိုင်းကြောင့် ရေလွှမ်း မိုးမှုများ အကြီးအကျယ် ကြံုတွေ့ ခဲ့ပြီးနောက် တိုင်ဝမ် နိုင်ငံတွင် ကူးစက် ရောဂါများ ပျံ့နှံ့လာမည့် အခြေအနေ အား တားဆီးနိုင်ရန် ကြိုးပမ်း နေကြကြောင်း သိရှိရသည်။

တိုင်ဝမ် အစိုးရက နိုင်ငံ၏ နှစ်(၅၀) အတွင်း အဆိုးရွားဆုံး သဘာဝ ဘေးဆိုးကြီး အတွက် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် စစ်သည်များ အနက် (၄)ဦးသည် H1N1 တုပ်ကွေး ကူးစက်ခံရကြောင်း အတည်ပြု ခဲ့သလို အခြားသော ကူးစက်ရောဂါများ ပေါ်ပေါက် လာမည်ကိုလည်း စိုးရိမ်လျှက် ရှိနေပြီ ဖြစ်သည်။

အထူးသဖြင့် ရေ မသန့်မှုကြောင့် ၀မ်းရောဂါများ ပျံ့နှံ့လာမည်ကို တာဝန် ရှိသူများက စိုးရိမ် နေကြသည်။ H1N1 ကူးစက်ခံရသူ စစ်သည် (၄)ဦးသည် ရွှံ့နွံများနှင့် အပျက်အစီး များအောက် နစ်မြုပ်နေသည့် ရုပ်အလောင်း များကို ရှာဖွေနေသည့် တာဝန်ကို ယူထား သူများဖြစ်ပြီး အအေးမိခြင်း၊ နှာရည်ယိုခြင်း စသည့် လက္ခဏာများ ပေါ်ပေါက် လာသည်ကို ဖော်ထုတ် တွေ့ရှိပြီးနောက် H1N1 ကူးစက် ခံထားရကြောင်း အတည်ပြု တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့်လည်း ယင်းစစ်သား များနှင့်အတူ ရှာဖွေရေး လုပ်ငန်းများ ပင်တန် ကျေးရွာတွင် အတူ ဆောင်ရွက်ခဲ့သည့် စစ်သား (၂၀၀)ကျော်၏ အခြေအနေကိုလည်း သက်ဆိုင်ရာက စောင့်ကြည့်လျှက် ရှိသည်။ ထို့အတူ ပင်တန်ရှိ ရွာသား (၁၀၀)ကျော် တို့သည် ရေ မသန့်မှုကြောင့် ၀မ်းရောဂါ နှင့် အော့အန်ခြင်း စသည့် အခြေအနေများ စတင် ပေါ်ပေါက်နေပြီဟု သိရှိရသည်။

တိုင်ဖွန်း မုန်တိုင်းကြီး မိုရာကော့ကြောင့် တိုင်ဝမ်တွင် သေဆုံးသူ အရေအတွက် (၂၉၁)ဦး အထိ မြင့်တက် လာသလို ပျောက်ဆုံးနေသူ (၃၈၇)ဦး မှာလည်း သေဆုံးသွားပြီဟု ယူဆရကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here