တောင်နှင့် မြောက်ကိုရီးယား မိသားစုများ ဆုံတွေ့ခွင့် ပေးမည်

alt

တောင် နှင့် မြောက် ကိုရီးယား နှစ်နိုင်ငံတို့သည် ကွဲကွာနေသော မိသားစုများ ပြန်လည် တွေ့ဆုံခွင့် အတွက် ခွင့်ပြုသွားမည်ဟု သိရသည်။

နှစ်နိုင်ငံ အစိုးရများ ဆွေးနွေးပြီးနောက် ကိုရီးယား ပြည်တွင်း စစ်အတွင်း ကွဲကွာ သွားသည့် မိသားစုများ ပြန်လည် တွေ့ဆုံရန် ဩဂုတ်လ (၂၆)ရက် နေ့မှ (၂၈)ရက် နေ့အတွင်း မြောက်ကိုရီးယားက လက်ခံခဲ့သည်။

တွေ့ဆုံရမည့် နေရာသည် မြောက်ကိုရီးယားနိုင်ငံ၊ ကွမ်ဂန်တောင် အပမ်းဖြေ စခန်းတွင် ဖြစ်ကြောင်း သိရှိရပြီး၊ ယခု ကိစ္စသည် မြောက်ကိုရီးယား၏ နျူကလီးယားဗုံး စမ်းသပ် ဖောက်ခွဲမှုအပြီး ကိုရီးယား နှစ်နိုင်ငံအကြား ဆက်ဆံရေး ပြန်လည်သင့်မြတ် ကောင်းမွန် လာမှုကိုလည်း ဖော်ကျူးလျှက် ရှိသည်။

တောင် ကိုရီးယားနိုင်ငံမှ နှစ်နိုင်ငံ ပေါင်းစည်းရေး ၀န်ကြီးဌာန ပြောရေး ဆိုခွင့်ရပုဂ္ဂိုလ် ချန်ဟေဆန်းက မိမိတို့ အစိုးရ၏ ကနဦး ကတည်းက ကမ်းလှမ်း ထားမှုအား မြောက်ကိုရီးယားက ယခုလို လက်ခံ လိုက်ခြင်းဟု အတည်ပြု ပြောဆိုသွားသည်။ ပြီးခဲ့သည့် သီတင်းပါတ် အတွင်းက မြောက်ကိုရီးယား ခေါင်းဆောင်ကြီး ကင်ဂျံုအီထံသို့ တောင်ကိုရီးယား အခြေစိုက် ဟွန်ဒိုင်း ကုမ္ပဏီမှ အကြီးအကဲ ဟွန်ဂျန်အန်းက သွားရောက် တွေ့ဆုံပြီးနောက် နှစ်နိုင်ငံ ဆက်ဆံရေးသည် အေးခဲမှုများ ပိုမို လျော့ပါးလာပြီး အကောင်းဘက်သို့ ဦးတည်လာကြောင်း ချန်က ဆက်လက် ပြောဆိုသွားသည်။

မြောက် ကိုရီးယားသည် တောင်ကိုရီးယား သမတဟောင်း ကင်ဒေဂျုံ ၏ ဈာပနသို့လည်း လေးစားကြောင်း ပြသသည့် အနေနှင့် ကိုယ်စားလှယ် အဖွဲ့တခု တက်ရောက်ရန် စေလွှတ် ပေးခဲ့ကြောင်းလည်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here