PC ဈေးကွက်သို့ ဝင်ကာ နိုကီယာ Netbook ထုတ်လုပ် ဖြန့်ချီမည်

alt

Netbook အသေးစား ကွန်ပျူတာ တမျိုးကို စတင် ထုတ်လုပ်ခြင်းဖြင့် ကမာ္ဘ့ အကြီးဆုံး မိုဘိုင်းလ်ဖုန်း ကုမ္မဏီကြီး Nokia သည်လည်း ကွန်ပျူတာ ဈေးကွက်အတွင်း ခြေဆန့် ၀င်ရောက် လာပြီ ဖြစ်သည်။

ဩဂုတ်လ (၂၄)ရက် နေ့က ဖင်လန် အခြေစိုက် Nokia သည် ၎င်းတို့၏ Nokia Booklet 3G ကို စတင် မိတ်ဆက် ပြသခဲ့သည်။ အင်တာနက် အသုံးပြုရေး အတွက် အဓိက ရည်ရွယ် ထုတ်လုပ်ထားသော Netbook သည် Microsoft ၏ Windows OS ကို သုံးစွဲထားကြောင့် Nokia က ပြောကြား ခဲ့သော်လည်း အခြား အသေးစိတ် အချက်အလက် များနှင့် ဈေးနှုန်း သတ်မှတ်ချက် တို့ကို ကြေညာခြင်း မရှိသေးပေ။

သို့သော်လည်း Nokia ၏ နာမည် ထင်ရှားမှုနှင့် ဈေးနှုန်း သက်သာသော မိုဘိုင်းလ်ဖုန်းများ ထုတ်လုပ် ခဲ့မှုတို့ကြောင့် ယခု Netbook သည်လည်း လူကြိုက်များ ထင်ရှား လာမည်ဟု လေ့လာသူများက သုံးသပ် နေကြသည်။ Nokia သည် ကမာ္ဘ့ မိုဘိုင်းလ်ဖုန်း ဈေးကွက်၏ အများဆုံး ၀ယ်လိုအားကို ပိုင်ဆိုင်နေပြီး ကမာ္ဘပေါ်ရှိ မိုဘိုင်းလ်ဖုန်း သုံးစွဲသူ စုစုပေါင်း၏ (၃၈) ရာခိုင်နှုန်းသည် Nokia ဖုန်းများကို သုံးစွဲနေကြောင်း သိရှိရသည်။

သို့သော်လည်း နောက်ပိုင်းတွင် Apple ၏ iPhone နှင့် သုတေသန လုပ်ငန်းများကို အကောင်းဆုံး ပြုလုပ်နေသည့် Blackberry တို့၏ လျင်လျင်မြန်မြန် ခြိမ်းခြောက် လာမှုကြောင့် Nokia သည် ကွန်ပျူတာ ထုတ်လုပ်မှု လောကတွင်ပါ ခြေကုပ်ယူလာခြင်း ဖြစ်နိုင်ကြောင်း ဈေးကွက် ပညာရှင်များက ခန့်မှန်း နေကြသည်။

Nokia ၏ ထုတ်ကုန်သစ် Netbook များကို စက်တင်ဘာလ (၂)ရက် နေ့မှ စတင် ရောင်းချသွားရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here